ဝင်ဘာလေထက် သာမယ့် ကွင်းသစ်၊ မာဇာရာဝီ၊ တော်မီနေး၊ ကွင်းလယ်ပစ်မှတ် ၃ဦးနဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ
နွေဈေးကွက်မှာ အရောင်းစာရင်းထဲ ပါဝင်ထားတဲ့ ခံစစ်မှူး မက်ဂွဲရားဟာ ဒီနွေမှာ ရောင်းထုတ်မခံရဘဲ ယူနိုက်တက်မှာပဲ ဆက်ရှိနေလိမ့်မယ်လို့ သိရပါတယ်။ ဒါပေမယ့် လင်ဒီအော့ဖ် ကတော့ ရောင်းထုတ်ခံရနိုင်ပါတယ်။
ယူနိုက်တက်ဟာ ကွင်းလယ်အတွက် ပီအက်စ်ဂျီမှ အူဂါတီ အပြင်၊ မိုနာကိုမှ ဖိုဖန်နာနဲ့ ဆိုစီဒက်မှ ဇူဘီမန်ဒီတို့ကို သဘောကျနေဆဲ ဖြစ်ပါတယ်။
ဖူလ်ဟမ်အသင်းဟာ စမစ်ရိုးကို ခေါ်ယူရေးကိစ္စ အပြီးသတ်ပြီးတာနဲ့ ယူနိုက်တက် ကွင်းလယ်လူ တော်မီနေးအတွက် ပြောင်းရွှေ့ကြေး တိုးပေးမယ့် ကမ်းလှမ်းမှုသစ် ပြုလုပ်တော့မယ်လို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။

တော်မီနေးရဲ့ အနာဂတ်ဟာ ယူနိုက်တက်တို့ လက်ရှိ ဈေးကွက်တွင်းမှာ ကွင်းလယ်လူသစ် ရ၊ မရ အပေါ် မူတည်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အင်္ဂလန်ပြည်တွင်းမှာ ဝင်ဘာလေကွင်းထက် သာတဲ့ ကွင်းသစ်စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ပစ်မှတ်ထားနေပြီလို့ သိရှိရပါတယ်။ အသင်းတာဝန်ရှိသူတွေက အိုးထရက်ဖို့ဒ်ကွင်းကို ပရိသတ် (၁) သိန်းဆံ့ ကွင်းအဖြစ် ပြုပြင်ပြောင်းလဲချင်နေတာပါ။
အာဆင်နယ်နဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့တဲ့ ဟွိုင်လန်းနဲ့ ယိုရို တို့ ယူနိုက်တက်ရဲ့ ထရိန်နင်မှာ ပြန် မပါဝင်သေးတာကြောင့် ပရိသတ်တွေကတော့ စိုးရိမ်နေကြပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ယူနိုက်တက် ညာအစွန်လူ ဘစ်ဆာကာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး ညိနှိုင်းမှုဟာ အဆင်ပြေတော့မယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ဘစ်ဆာကာနေရာ အစားထိုးဖို့ ဘိုင်ယန်မြူးနစ် အစွန်လူ မာဇာရာဝီနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းနဲ့ အေးဂျင့်တူ ကစားသမား ဖြစ်တဲ့ ခံစစ်မှူး ဒီလစ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုလည်း ရထားပြီး ဖြစ်ပါတယ်။