ဂန်းနားတို့ ကောင်းမှုနဲ့ ယိုရို ၃ လ၊ ဟွိုင်လန်း ၆ ပတ် နားရသည်ထို ဆိုးသွားတဲ့ ယူနိုက်တက် အသင်းသားတွေ ဒဏ်ရာ

မန်ချက်စတာ ယူနိုက်တက်နဲ့ နည်းပြ တန်ဟက် အတွက် ဒဏ်ရာ သတင်းဆိုးတွေကတော့ ရာသီကြိုမှာတင် ထွက်ပေါ်လာခဲ့ပါပြီ။

ပြီးခဲ့တဲ့ အပတ်က အာဆင်နယ်နဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာ ရသွားတဲ့ တိုက်စစ်မှုး ဟွိုင်လန်း၊ ခံစစ်မှုးသစ် ယိုရို တို့ ဟာ အသီးသီး နားရတော့မယ့် အခြေအနေတွေ ဖြစ်သွားခဲ့ပါတယ်။

ထိုခြေစမ်းပွဲဟာ အကြိတ်အနယ် ပွဲကြမ်းခဲ့ပြီး ဟွိုင်လန်းနဲ့ ယိုရိုတို့ ပထမပိုင်းတည်းက နာသွားကာ လူစားလဲခဲ့ရပါတယ်။

ခံစစ်မှူး အသစ် စက်စက် ယိုရို ကတော့ အာဆင်နယ်နဲ့ ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အသင်း ဘတ်စ်ကား ပေါ်က အဆင်းမှာ ခြေထောက် အကာဖိနပ် တပ်ဆင်ထားရတဲ့ ဗီဒီယိုတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်ကမှ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ နဲ့ ရောက်လာခဲ့တဲ့ ယိုရိုဟာ နှစ်ပတ် အကြာမှာတင် ခြေဖဖိုးရိုး ထိသွားတာကြောင့် ၃ လ ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။

နောက်တစ်ယောက် ဖြစ်တဲ့ တိုက်စစ်မှုး ဟွိုင်လန်းက တံကောက်ကြော ဒဏ်ရာ ရသွားတာ ဖြစ်ပြီး ၎င်းကတော့ သီတင်းပတ် ၆ ပတ်လောက် ကြာ အနားယူရတော့မှာပါ။

ဒါကြောင့် ဟွိုင်လန်းကလည်း စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲ အပါအဝင် ပရီးမီးယားလိဂ် အစောပိုင်း ပွဲတွေကို လွဲချော်ဖွယ် ရှိပါတယ်။

ပြီးခဲ့တဲ့ရာသီ ဒဏ်ရာ ပြဿနာတွေကြောင့် အတော် ခံစားခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အတွက်ကတော့ အခုလို ရာသီကြို ကာလမှာတင် အဓိက အားထားရမယ့် ကစားသမား နှစ်ဦး ဒဏ်ရာတွေ ရသွားတာကြောင့် ထိုးနှက်မှု ကြီးခဲ့ပါတယ်။