စီ ရိုနယ်ဒိုကို မန်ချက်စတာ ယူနိုက်တက်မှာ ဘယ်လို သုံးမလဲ ထုတ်ဖော် ပြောလိုက်တဲ့ ဆိုးရှား

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှား ကတော့ အသင်းထံ တကျော့ပြန် ပြန်လည် ရောက်ရှိလာတဲ့ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို ဘယ်နေရာမှာ အဓိကထား သုံးစွဲသွားမလဲ ဆိုတာကို ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားဟာ ရိုနယ်ဒိုကို ဘယ်တောင်ပံတိုက်စစ် ၊ အထောင်တိုက်စစ် နေရာတွေမှာ ကစားခိုင်းလို့ ရပေမယ့် ဆိုးလ်ရှားကတော့ သူဟာ ရိုနယ်ဒိုကို တိုက်စစ်မှူး တဦး အဖြစ်သာ ရှုမြင်တာကြောင့် အထောင် တိုက်စစ်မှူး အဖြစ်သာ သုံးစွဲသွားမယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ရိုနယ်ဒိုကို ကစားခိုင်းမယ့် နေရာနဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက – “ရိုနယ်ဒိုက ကစားသမား တဦးအနေနဲ့ ဆင့်ကဲ တိုးတက်လာသူပါ။ သူက ညာတောင်ပံ ၊ ဘယ်တောင်ပံနဲ့ အထောင်တိုက်စစ် နေရာတွေမှာ ကစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ သူဟာ အခုချိန်မှာ အထောင်တိုက်စစ် ကစားသမားပါ။ တခါတလေ ကျွန်တော်တို့က ရှေ့တန်းမှာ တိုက်စစ်မှူး ၂ဦး ၊ တိုက်စစ်မှူး ၃ဦး စသဖြင့် ကစားသွားဖို့ ရှိပါတယ်။ ကျွန်တော်က သူ့ကို ဂိုးဧရိယာထဲမှာ နေပြီး သွင်းဂိုးတွေ သွင်းယူစေချင်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းကို ဂရုစိုက်တဲ့ လူတွေ အားလုံးက အဲ့ဒီလို မြင်ကွင်းမျိုးကို မြင်ချင်ကြမှာ အသေအချာပါပဲ” လို့ အသိပေး ပြောကြားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်မှာ ကစားရင်း သူ့ရဲ့ ကစားသမား ဘဝ ပထမဦးဆုံး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့သူ ဖြစ်ပြီး လက်ရှိ နွေဈေးကွက်မှာတော့ ဂျူဗင်တပ်အသင်း ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၃သန်း ဝန်းကျင်နဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့သူပါ။

ရိုနယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝကို တောင်ပံကစားသမား တဦး အဖြစ် စတင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စတင် တောက်ပတဲ့ အချိန်မှာတော့ တောင်ပံတိုက်စစ် ကစားသမား အဖြစ် ကစားခဲ့ပြီး အသက်၃၀အရွယ်ကို ရောက်ရှိလာချိန်မှာတော့ တိုက်စစ်မှူး တဦး အဖြစ် ပြောင်းလဲ ကစားခဲ့သူပါ။

ZG

မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ နည္းျပ ဆိုးလ္ရွား ကေတာ့ အသင္းထံ တေက်ာ့ျပန္ ျပန္လည္ ေရာက္ရွိလာတဲ့ ေပၚတူဂီ တိုက္စစ္မႉး ခရစၥတီယာႏို ႐ိုနယ္ဒိုကို ဘယ္ေနရာမွာ အဓိကထား သုံးစြဲသြားမလဲ ဆိုတာကို ဖြင့္ဟ ေျပာၾကားသြားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ နည္းျပ ဆိုးလ္ရွားဟာ ႐ိုနယ္ဒိုကို ဘယ္ေတာင္ပံတိုက္စစ္ ၊ အေထာင္တိုက္စစ္ ေနရာေတြမွာ ကစားခိုင္းလို႔ ရေပမယ့္ ဆိုးလ္ရွားကေတာ့ သူဟာ ႐ိုနယ္ဒိုကို တိုက္စစ္မႉး တဦး အျဖစ္သာ ရႈျမင္တာေၾကာင့္ အေထာင္ တိုက္စစ္မႉး အျဖစ္သာ သုံးစြဲသြားမယ္လို႔ ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။

႐ိုနယ္ဒိုကို ကစားခိုင္းမယ့္ ေနရာနဲ႔ ပတ္သတ္ၿပီး ဆိုးလ္ရွားက – “႐ိုနယ္ဒိုက ကစားသမား တဦးအေနနဲ႔ ဆင့္ကဲ တိုးတက္လာသူပါ။ သူက ညာေတာင္ပံ ၊ ဘယ္ေတာင္ပံနဲ႔ အေထာင္တိုက္စစ္ ေနရာေတြမွာ ကစားခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ သူဟာ အခုခ်ိန္မွာ အေထာင္တိုက္စစ္ ကစားသမားပါ။ တခါတေလ ကြၽန္ေတာ္တို႔က ေရွ႕တန္းမွာ တိုက္စစ္မႉး ၂ဦး ၊ တိုက္စစ္မႉး ၃ဦး စသျဖင့္ ကစားသြားဖို႔ ရွိပါတယ္။ ကြၽန္ေတာ္က သူ႔ကို ဂိုးဧရိယာထဲမွာ ေနၿပီး သြင္းဂိုးေတြ သြင္းယူေစခ်င္ပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္အသင္းကို ဂ႐ုစိုက္တဲ့ လူေတြ အားလုံးက အဲ့ဒီလို ျမင္ကြင္းမ်ိဳးကို ျမင္ခ်င္ၾကမွာ အေသအခ်ာပါပဲ” လို႔ အသိေပး ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၆ႏွစ္ အ႐ြယ္ ေပၚတူဂီ ဝါရင့္ တိုက္စစ္မႉး ခရစၥတီယာႏို ႐ိုနယ္ဒိုဟာ မန္ခ်က္စတာ ယူႏိုက္တက္မွာ ကစားရင္း သူ႔ရဲ႕ ကစားသမား ဘဝ ပထမဦးဆုံး ကမာၻ႔အေကာင္းဆုံး ကစားသမားဆုကို ရယူႏိုင္ခဲ့သူ ျဖစ္ၿပီး လက္ရွိ ေႏြေဈးကြက္မွာေတာ့ ဂ်ဴဗင္တပ္အသင္း ကေန အသင္းေဟာင္း မန္ခ်က္စတာ ယူႏိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၂၃သန္း ဝန္းက်င္နဲ႔ ျပန္လည္ ေျပာင္းေ႐ႊ႕လာခဲ့သူပါ။

႐ိုနယ္ဒိုဟာ သူ႔ရဲ႕ ကစားသမားဘဝကို ေတာင္ပံကစားသမား တဦး အျဖစ္ စတင္ခဲ့ေပမယ့္ မန္ခ်က္စတာ ယူႏိုက္တက္အသင္းနဲ႔ စတင္ ေတာက္ပတဲ့ အခ်ိန္မွာေတာ့ ေတာင္ပံတိုက္စစ္ ကစားသမား အျဖစ္ ကစားခဲ့ၿပီး အသက္၃၀အ႐ြယ္ကို ေရာက္ရွိလာခ်ိန္မွာေတာ့ တိုက္စစ္မႉး တဦး အျဖစ္ ေျပာင္းလဲ ကစားခဲ့သူပါ။