ဘစ်ဆာကာကြောင့် ပျက်သွားနိုင်တဲ့ ခေါ်ယူမှု၊ မာလာစီယာ ပြန်လာမယ့်ချိန်၊ ပါရဲရားရဲ့ ဝန်ခံချက်နဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မနက်က လီဗာပူးနဲ့ ပွဲမှာ ဝမ် ဘစ်ဆာကာ ဒဏ်ရာ ရသွားတာက ယူနိုက်တက်ရဲ့ နောက်ခံလူသစ် မာရာဇာဝီကို ခေါ်ယူမယ့် အစီအစဉ် ထိခိုက်သွားနိုင်ခြေ ရှိနေပါတယ်။

ဒါ့အပြင် လူငယ် ဗဟိုခံစစ်မှုး ဝဲဖစ်ရှ် ကလည်း နာသွားတာကြောင့် ယူနိုက်တက် အနေနဲ့ ဗဟိုခံစစ်မှုးသစ် ခေါ်ဖို့ပါ ထည့် စဉ်းစားရတော့မှာပါ။

ဒီနွေမှာ ဗာရန်းက အလွတ်နဲ့ ထွက်သွားတဲ့ အပြင် မက်ဂွဲရားကလည်း ကြံ့ခိုင်မှု အခြေအနေ အမြဲ မကောင်းတာကြောင့် တန်ဟက်က ဝဲဖစ်ရှ်ကို အားကိုးဖို့ ရည်ရွယ်ထားခဲ့ပါတယ်။

မန်ယူအသင်း နောက်ခံလူ မာလာစီယာ ကတော့ လာမယ့် ၂ လအတွင်း ဒဏ်ရာမှ ပြန်လည်သက်သာလာတော့မှာ ဖြစ်ကြောင်း နည်းပြ တန်ဟတ် က ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

မန်ယူအသင်း ကစားသမားဟောင်း ပါရဲရားက ယူနိုက်တက် အသင်းမှ ထွက်ဖို့ ဆုံးဖြတ်ခဲ့ရခြင်းဟာ မိမိဘဝအတွက် အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခု ဖြစ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းဂိုးသမားဟောင်း ဒီဂီယာတစ်ယောက် ယခုလို ကာလရှည် အသင်းလက်မဲ့ ဖြစ်နေရခြင်းဟာ တောင်းဆိုချက် မြင့်မားတဲ့ ၎င်းရဲ့ လစာ ကိစ္စကြောင့် ဖြစ်ကြောင်း သိရှိရပါတယ်။

မန်ချက်စတာယူနိုက်တက် ဝါရင့်နည်းပြကြီး မက္ကလာရင်ဟာ လက်ထောက်နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပြီး ဂျမေကာလက်ရွေးစင်အသင်းကို ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

နည်းပြ တန်ဟက်ကတော့ ၎င်းဟာ ရေတို အောင်မြင်မှု ဆုဖလားတွေ ယူဖို့ထက် ရေရှည်မှာ အသင်းလိုက် တိုးတက် အောင်မြင်ဖို့ ပရောဂျက်ကိုသာ ပိုပြီး အလေးထားကြောင်း ပြောဆိုလိုက်ပါတယ်။