မန်ယူအသင်းအတွက် ဖလား ယူဖို့လောက် ရေတို ရည်မှန်းချက်ကို ထည့်မစဉ်းစားဘူး ဆိုတဲ့ နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ကတော့ သူက အသင်းအတွက် ရေတိုအောင်မြင်မှု ဆုဖလားတွေ ယူဖို့ထက် ရေရှည်ပလန် အနေနဲ့ သူ့ ပရောဂျက်ကို အကောင်အထည် ဖော်ဖို့ အဓိကထားကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

နည်းပြ တန်ဟက်က သူ့ ရဲ့ ယူနိုက်တက် အတွက် တကယ့် ရည်မှန်းချက် အကြောင်းကို ဘီဘီစီနဲ့ အင်တာဗျူးမှာ အခုလို ပြောဆိုခဲ့တာပါ။

” ကျွန်တော်တို့က ပိုကောင်းတဲ့ အသင်းတွေ၊ ပိုကောင်းတဲ့ ကစားသမားတွေ တည်ဆောက်ချင်တာပါ၊ ပိုများတဲ့ အောင်မြင်မှုတွေ ရဖို့ပေါ့။ ကျွန်တော် ယူနိုက်တက်နဲ့ အတူ ဆုဖလား နှစ်ခု ယူပြီးပါပြီ။

ဒါပေမယ့် ကျွန်တော်တို့ ရည်မှန်းချက်က ဒိထက် မြင့်ပါတယ်။ နောက်ထပ် ဆုဖလား ယူဖို့က ဖြစ်နိုင်တယ်လို့ ကျွန်တော်က အေးအေးဆေးဆေး ယုံတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော့် ရည်မှန်းချက် မဟုတ်ဘူး။

ဒီကလပ် အကြောင်း က အရေးကြီးဆုံး ဖြစ်ပြီး ဒါကို ရှေ့တန်းတင်ရမှာပါ။ အားလုံးက ပိုကြီးမားတဲ့ ရည်မှန်းချက် အတွက် အကောင်အထည် ဖော်ဖို့ လုပ်နေကြတာပါ။ အတူတကွ အမြင့်ဆုံးထိ ပျံသန်းနိုင်ဖို့ပါ။ ” လို့ တန်ဟက် က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြ တန်ဟက်နဲ့ အတူ ပြည်တွင်း ရှုံးထွက် ဖလား နှစ်လုံး ရယူပြီး ဖြစ်ပေမယ့် အဓိက ဆုဖလားကြီးတွေ ဖြစ်တဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့နားတော့ မနီးစပ်သေးဘဲ ဖြစ်နေပါတယ်။