ခွဲစိတ်မှု ခံယူလိုက်ပြီ ဖြစ်တဲ့ နောက်ခံလူ ယိုရို ဘယ်တော့ အစောဆုံး ပြန် ကစားနိုင်မလဲ ယူနိုက်တက် အသိပေး အတည်ပြု
မန်ချက်စတာ ယူနိုက်တက်ရဲ့ နောက်ခံလူသစ်လေး ယိုရို ဟာ ခြေဖမိုးရိုး ကျိုးတဲ့ ဒဏ်ရာ အတွက် ခွဲစိတ်မှု ပြုလုပ်ခဲ့ကာ အောင်မြင်ခဲ့ပြီ ဖြစ်ပြီး ဘယ်တော့ အစောဆုံး ပြန်ကစားနိုင်မလဲ ဆိုတာ အသင်းဘက်က အသိပေး အတည်ပြုမှု ပြုလုပ်ခဲ့ပါတယ်။
အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ ဆယ်ကျော်သက် နောက်ခံလူ ယိုရို ဟာ အမေရိကန်မှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက် အဆိုအရ ယိုရို ဟာ ဒဏ်ရာ ခွဲစိတ်မှု အောင်မြင်ပြီးနောက် ပြန်လည်ထူထောင်ရေးများ ပြန်လည် စတင်ပြုလုပ်နေပြီ ဖြစ်ကာ ခန့်မှန်းခြေ ၃ လ လောက်အတွင်း ကြံ့ခိုင်မှု ပြန်ရလာမယ်လို့ မျှော်လင့်ရပါတယ်။

ဒါကြောင့် ယိုရို ဟာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ရာသီ အစောပိုင်း ကာလကို လွဲချော်မှာ ဖြစ်ပြီး နိုဝင်ဘာလ အစောပိုင်းလောက်မှာမှ ပြန် ကစားနိုင်ဖွယ် ရှိပါတယ်။
ပြင်သစ်လူငယ်လေးဟာ ဒီနွေမှ လိုင်လီကနေ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အဲရစ်တန်ဟက်ရဲ့ အသင်းမှာ အဓိက အသင်းသား ဖြစ်လာမယ်လို့ မျှော်လင့်ခံထားရပါတယ်။
ယိုရိုနဲ့ အတူ အာဆင်နယ်နဲ့ ပွဲမှာလည်း တိုက်စစ်မှုး ဟွိုင်လန်း ဒဏ်ရာရသွားခဲ့သေးပြီး ၎င်းကတော့ တံကောက်ကြော ဒဏ်ရာ ဖြစ်ကာ သီတင်းပတ် ၆ ပတ်ခန့် နားရမှာ ဖြစ်ပါတယ်။