ရာသီကြိုက ခြေစွမ်းကောင်းတွေကြောင့် အသင်းကြီးမှာ တန်ဟက် နေရာပေးတော့မယ့် အကယ်ဒမီကြယ်ပွင့်လေး
မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက် က ရာသီကြိုခြေစမ်းပွဲတွေမှာ အသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ နောက်ခံလူ ဟယ်ရီ အာမက်စ်ကို အခွင့်အရေးပေးသွားဖို့ စီစဉ်ထားကြောင်း သိရှိရပါတယ်။
ယူနိုက်တက်ရဲ့ ဒီနွေ ရာသီကြို ခြေစမ်းပွဲစဉ်တွေက ပြီးဆုံးသွားပါပြီ။ ဒီခြေစမ်းပွဲတွေမှာ အကယ်ဒမီမှ အာမက်စ်၊ ဘန်းနက်၊ ကိုလ်ရာနဲ့ ဝှိုက်ဒ်လေတို့က တန်ဟက် အတွက် သဘောကျစရာ ခြေစွမ်းကို ပြသခဲ့ပါတယ်။
ဒီအထဲမှာတော့ ဟယ်ရီ အာမက်စ်က အသင်းကြီးမှာ အခွင့်အရေးရလာဖို့ ရှိပါတယ်။

ကွင်းလယ်လူ ကိုလ်ရာကိုတော့ ပိုမိုတိုးတက်လာဖို့အတွက် အခြားသော အသင်းတစ်သင်းကို အငှားချသွားဖို့ စီစဉ်ထားပါတယ်။
အင်္ဂလန် သတင်းတွေရဲ့ဖော်ပြချက်အရ နောက်ခံအစွန်လူ အာမက်စ်ဟာ လုခ်ရှော၊ မာလာစီယာတို့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် အသင်းကြီးလူစာရင်းမှာ ပါဝင်ခွင့်ရဖွယ်ရှိပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ကစားပြီးသွားတဲ့ ရာသီကြိုခြေစမ်းပွဲ (၅) ပွဲမှာ (၃) ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။
ရိုဆင်ဘော့ကို ရှုံးနိမ့်ခဲ့သလို ပရီးမီးယားလိဂ်နှစ်သင်းဖြစ်တဲ့ အာဆင်နယ်၊ လီဗာပူးတို့ကို ရှုံးနိမ့်ခဲ့ပြီး ရိန်းဂျားစ်နဲ့ ဘက်တစ်တို့ကိုသာ အနိုင်ရရှိခဲ့တာပါ။