ကွင်းလယ်သစ် ခေါ်မယ့် ကိစ္စ၊ အူဂါတီ နောက်ဆုတ်ခြင်း၊ ကွင်းသစ်နာမည် ဝယ်လိုသူနဲ့ နောက်ဆုံးထွက် မန်ချက်စတာ ယူနိုက်တက် သတင်းများ
မန်ယူအသင်း နောက်ခံလူသစ် ယိုရို က ဒဏ်ရာ ကို ခွဲစိတ် ကုသမှု ခံယူပြီးပြီ ဖြစ်ပြီး သုံးလခန့် အနားယူရမှာ ဖြစ်ကာ အစောဆုံး နိုဝင်ဘာလထဲ ပြန်ကစားနိုင်မယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ကာဆီမီရိုကို ဒီနွေမှာ မရောင်းထုတ်နိုင်ရင်တောင် ကွင်းလယ် ခံစစ်သမား အသစ် ရလိုနေဆဲ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က အသက် ၁၇ နှစ် အရွယ် လူငယ် ကြယ်ပွင့် ကစားသမား ဖြစ်တဲ့ ဘယ်နောက်ခံလူ ဟယ်ရီ အမတ်စ် နဲ့ ပတ်သက်ပြီး အခုလို ချီးကျူးစကား ဆိုခဲ့ပါတယ်။
” အခုချိန်မှာ သူဟာ အဆင့် တစ်ခုထိ ရောက်ရှိဖို့ သိပ်မလိုတော့ပါဘူး။ ကျွန်တော်တို့ ကောင်းကောင်း လေ့ကျင့်ပေးမယ်၊ ကောင်းကောင်း လမ်းညွှန် နည်းပြ ပေးမယ်ဆိုရင် သူဟာ သုံးလလောက်ဆိုရင် အဲ့ဒီ အဆင့်ကို ရောက်နိုင်မှာပါ၊ သူဟာ ပါရမီ ထူးကဲသူပါ သူ့ရဲ့ အနာဂတ် က စိတ်ဝင်စားစရာ ဖြစ်နေပါပြီ ” လို့ တန်ဟက်က ဆိုခဲ့တာပါ။

ပီအက်စ်ဂျီ ကွင်းလယ်သမား အူဂါတီ အတွက် ညှိနှိုင်းမရတော့တဲ့နောက် မန်ချက်စတာ ယူနိုက်တက်က နောက်ဆုတ် သွားပြီ ဖြစ်ပါတယ်။
ဒါ့အပြင် တန်းဆင်းသွားတဲ့ ဘန်လေအသင်းမှ ကွင်းလယ်လူ ဆန်ဒါဘာ့ချ်ကို ယူနိုက်တက် တို့ အမှန်အကန် စိတ်ဝင်စားနေပါတယ်။
မန်ယူအသင်းနဲ့ လမ်းခွဲထားတဲ့ တိုက်စစ်မှူး မာစီယဲလ်ဟာ ချန်ပီယံလိဂ် ကစားခွင့်ရမယ့် အတ္တလန္တာအသင်းထံ ပြောင်းရွှေ့ဖို့ သတင်းထွက်ပေါ်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ကို ဂျာစီ စပွန်ဆာပေးနေတဲ့ Snapdragon က အိုးထရတ်ဖိုဒ့်နေရာ ကွင်းသစ် အစားထိုးစဉ်မှာလည်း ကွင်းနာမည် ဝယ်ယူခွင့်ကို စိတ်ဝင်စားနေပါတယ်။