မန်ချက်စတာ ယူနိုက်တက် လက်ရှိ အသင်းသားတွေထဲမှာ ပေါစခိုးလ် တုန်နေအောင် လန့်ရသူ တစ်ဦး ရှိနေပါတယ်
မန်ချက်စတာ ယူနိုက်တက် ရာသီသစ်မှာ ကောင်းကောင်း လုပ်ပြနိုင်မလား ဆိုတာထက် သူ့မှာ စိုးရိမ်နေရတဲ့ တစ်နေရာ ရှိကြောင်း သရဲနီဟောင်းကြီး ပေါစခိုးလ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်မှာ အခုထိ ပြသနာရှိနေတဲ့ နေရာတွေ အတော် များများ ရှိနေတယ်လို့ စခိုးလ်က မြင်ပြီး အထူးသဖြင့် ဂိုးသမား အိုနာနာ နဲ့ ပတ်သတ်ပြီး အတော် စိုးရိမ်နေပါတယ်။
ပေါစခိုးလ်က ” မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက ဘောလုံးရာသီသစ် အတွက် ဘယ်လောက် စိတ် လှုပ်ရှားနေကြသလဲ ကျွန်တော် ကြားပါတယ်။ ပြောရရင် ကျွန်တော်ကတော့ ခပ်လန့်လန့်ပဲ။

ယူနိုက်တက်မှာ ပြသနာ ရှိတဲ့ နေရာတွေ ရှိနေပါသေးတယ်။ ဗဟိုခံစစ်မှုး အသစ်ခေါ်ထားတာကလည်း ဒဏ်ရာနဲ့။ မာတီနက်ဇ်က ပြီးခဲ့တဲ့ရာသီ ဒဏ်ရာနဲ့ ရုန်းကန်ခဲ့ရသလို မက်ဂွဲရားကလည်း ရာသီကုန်ခါနီးတုန်းက နာခဲ့သေးတယ်။ လင်ဒီလော့ဖ်ရောပဲ။ ဒီရာသီ ဗာရန်းလည်း မရှိတော့ဘူး။
နောက်ပြီး ဂိုးသမား နေရာအတွက် စိုးရိမ်မိတယ်။ ကျွန်တော့်အတွက် ရင်အပူရဆုံးက ဂိုးသမားပဲ။ ရာသီကြိုမှာတင် သူ ဂိုးတွေ ပေးနေရပြီ။
သူ (အိုနာနာ)နဲ့ ပတ်သတ်ပြီး ကျွန်တော် ေ-သမလောက် ကြောက်မိပါတယ်။ ” လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက် ဂိုးသမား အိုနာနာကတော့ သူဟာ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား ဖြစ်တယ်လို့ ယုံကြည်ပြီး လာမယ့် ရာသီ ပိုပြီး စွန့်စားရတဲ့ လှုပ်ရှားမှုတွေ ဂိုးပေါက်မှာ ပြုလုပ်ဦးမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်ကးပဲ ထုတ်ဖော် ပြောဆိုထားပါတယ်။