မန်ယူ Vs မန်စီးတီး ကွန်မြူနတီဒိုင်းပွဲ ဘယ်လို အဖြေထွက်မလဲ Opta ရဲ့ စူပါကွန်ပျူတာ တွက်ထုတ်

အက်ဖ်အေ ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် နဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်းတို့ဟာ ဒီည ၈ နာရီခွဲ အချိန်၊ ဝင်ဘာလေကွင်းကြီးမှာ ကွန်မြူနတီဒိုင်းပွဲ ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။

ဒီညပွဲမှာ ဘယ်လို ရလဒ် ထွက်ပေါ်နိုင်သလဲ ဆိုတာ အတွက် နာမည်ကြီး ဘောလုံး အချက်အလက် ဝက်ဘ်ဆိုက် Opta Analyst ရဲ့ စူပါကွန်ပျူတာကတော့ အကြိမ်ပေါင်း ၁ဝဝဝဝ တွက်ချက်ပြီး ဖော်ထုတ်လာပါတယ်။

စူပါကွန်ပျူတာရဲ့ အကြိမ် တစ်သောင်း တွက်ချက်မှုမှာ မန်ချက်စတာ စီးတီးက ဒီည ကွန်မြူနတီဒိုင်းပွဲကို ပုံမှန် မိနစ် ၉ဝ ပွဲချိန် အတွင်း ယူနိုက်တက်အား အနိုင်ရသွားမယ် လို့ 61.3% မှာ အဖြေထွက်ပါတယ်။

ပုံမှန် ပွဲချိန် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် နိုင်ခြေကတော့ ၁၉.၈% သာ ရှိပါတယ်။

ကွန်မြူနတီဒိုင်းပွဲမှာ အချိန်ပို ကစားတာ ရှိမှာ မဟုတ်ပါဘူး။ ဒီပွဲဟာ ပင်နယ်တီ အဆုံးအဖြတ်ထိ သွားဖို့ ဖြစ်နိုင်ခြေ ကတော့ 18.9% ရှိတယ်လို့ စူပါကွန်ပျူတာက တွက်ထုတ်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီ အက်ဖ်အေ ဖလား ဖိုင်နယ် တုန်းက စူပါကွန်ပျူတာရဲ့ တွက်ထုတ်မှုကို ပြောင်းပြန် လှန်ခဲ့ဖူးပါတယ်။

ထိုစဉ်က ယူနိုက်တက် တို့ ပွဲချိန် မိနစ် ၉ဝ အတွင်း အနိုင်ရ၊ ချန်ပီယံ ဖြစ်နိုငခြေ ၁၄.၄% သာ ရှိခဲ့ပေမယ့် စီးတီးကို ၂-၁ နဲ့ အနိုင်ယူခဲ့တာပါ။