ဘယ် EPL ကလပ်မှ ဝယ်မှာ မဟုတ်တဲ့ ကစားသမားကို မန်ယူက ခေါ်လိုက်တာ လို့ လီဗာပူး ကစားသမားဟောင်းကြီး သုံးသပ်
မန်ချက်စတာ ယူနိုက်တက် ဒီနွေမှာ ခေါ်ယူလိုက်တဲ့ ကစားသမား တစ်ဦးက ပရီးမီးယားလိဂ်မှာ အောင်မြင်မှာ မဟုတ်ဘူးလို့ လီဗာပူး ဂန္တဝင် တစ်ဦး ဖြစ်တဲ့ ဂရေမီဆောင်းနက်က သုံးသပ် ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက် က ဒီနွေမှာ ဗဟို ခံစစ်မှူး ယိုရို၊ တိုက်စစ်သမား ဇီရစ်ဇီး၊ ဗဟိုခံစစ် ဒီလစ်နဲ့ အစွန်နောက်ခံလူ မာဇာရာဝီတို့ကို ခေါ်ယူထားတာဖြစ်ပါတယ်။
ဂရေမီ ဆောင်းနက်က ” ဒီလစ်ကို ကျနော် သံသယ ရှိပါတယ်။ ဒီလိုပြောရတာ စိတ်တော့ မကောင်းပါဘူး။ ယူရိုတုန်းကလည်း သူက နယ်သာလန် အသင်းမှာ နေရာမရဘဲ လူစာရင်းထဲ ပါခဲ့ရုံလောက်ပါ။

သူ့ရဲ့ ကစားသမားဘဝ မှတ်တမ်းကို ကြည့်လိုက်ရင် ထိပ်တန်း အသင်းနှစ်သင်းကို ရောက်ခဲ့တယ်။ အဲ့အသင်းတွေက ကစားသမား သိပ်မရောင်းကြဘဲ သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေကို ထိန်းလေ့ရှိပေမယ့် သူ့ကိုတော့ ရောင်းချခဲ့တယ်။
ဒါကပဲ ဇာတ်လမ်းအားလုံးကို ပြောပြနေပါလိမ့်မယ်။ လူငယ်ဘဝမှာ သူက စတားဖြစ်ခဲ့ပေမယ့် အဲ့နောက်ပိုင်း တိုးတက်လာမှု မရှိပါဘူး။ သူ့ကို လိုချင်တဲ့ ပရီးမီးယားလိဂ်ကလပ် ရှိမယ်လို့လည်း မထင်မိပါဘူး။” လို့ သုံးသပ် ပြောဆို လိုက်တာဖြစ်ပါတယ်။
ဒီလစ်ဟာ ယူနိုက်တက် မခေါ်သင့်တဲ့ ကစားသမားဖြစ်ကြောင်းကို သရဲနီဟောင်းကြီးတွေ ဖြစ်တဲ့ ဖာဒီနန်နဲ့ ပေါစခိုးတို့ကလည်း ဆက်တိုက် ဝေဖန် ပြောဆိုထားကြပါတယ်။