သောကြာည EPL အဖွင့်ပွဲမှာ မန်ယူက ဖူလ်ဟမ်ကို မနိုင်ဘူး ဆိုတဲ့ ပေါမာဆန်ကြီးရဲ့ ပွဲကြို ဟောကိန်းထုတ်ချက်

ဘောလုံးရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ကတော့ မနက်ဖြန် ညမှာ စတင်တော့မှာ ဖြစ်ပါတယ်။

ဦးဆုံး အဖွင့် ပွဲစဉ် မှာ မန်ချက်စတာ ယူနိုက်တက်က ဖူလ်ဟမ် အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ၊ သောကြာနေ့ ည မြန်မာစံတော်ချိန် ၁ နာရီခွဲ အချိန်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဆရာကြီး ဂန်းနားဟောင်းကြီး ပေါမာဆန်က ယူနိုက်တက်နဲ့ ဖူလ်ဟမ် ပွဲ အတွက် အခုလို ကြိုတင် ခန့်မှန်းချက် ထုတ်လာပြီ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဒီပွဲ က ယူနိုက်တက်အတွက် ခက်ခဲတဲ့ပွဲဖြစ်လာမှာပါ။ သူတို့က အတက်အကျ များတဲ့ ဘောလုံးရာသီကို ကျော်ဖြတ်ရဦးမှာဖြစ်ပြီး ဒီပွဲကို အနိုင်ရခဲ့ရင် ရလဒ်ကောင်းဖြစ်ပါလိမ့်မယ်။

မန်ချက်စတာ ယူနိုက်တက်က နယ်သာလန်အတွက်တောင် မကစားရတဲ့ ဒီလစ်ကို ခေါ်ယူထားတယ်။ သူ က ယူနိုက်တက်မှာ ကောင်းရင် အရမ်းကောင်းမယ်၊ မဟုတ်ရင် ချာတူးလန်နေအောင် ညံ့လိမ့်မယ်။

မာတီနက်ဇ် ကလည်း ကြံ့ခိုင်နေပါပြီ။ ဒဏ်ရာမရခင် သူ ကောင်းကောင်းကစားခဲ့သလို သူက အစွန်မှာ ကစားနိုင်တယ်။ ဒီလစ်နဲ့ မက်ဂွဲရားတို့ ဗဟိုခံစစ်အတွဲအဖြစ် ပွဲထွက်ပြီး ညာအစွန်မှာ ဒါလော့ ပါလာမှာပါ။

ဖူလ်ဟမ်က ကြံ့ခိုင်မှုကောင်းနေကြချိန်မှာ အသင်းကောင်းပါ။ သူတို့ ဘောလုံးကိုင်ကစားတာ ကောင်းသလို ပြိုင်ဘက်တွေကို ပြဿနာတွေ ပေးနိုင်ပါတယ်။ ဒီပွဲက ပျော်ဖို့ကောင်းမှာပါ။ ယူနိုက်တက်တို့ ဒီပွဲကို အနိုင်ယူဖို့ စိတ်ရှည်ရမှာဖြစ်ပါတယ်။

အဖွင့်ပွဲမှာ ဖူလ်ဟမ်က ယူနိုက်တက်ကို စိတ်ပျက်အောင် လုပ်နိုင်မှာ ဖြစ်ပြီး ရလဒ်က သရေကျသွားမယ် ထင်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်း ရလဒ်

မန်ချက်စတာ ယူနိုက်တက် ၁-၁ ဖူလ်ဟမ် ဖြစ်ပါတယ်။