သက်တမ်းတိုး စာချုပ်သစ် ရပြီးနောက် ယူနိုက်တက်ရဲ့ လစာအများဆုံးထဲ ပါဝင်လာတဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရက်ထဲမှာပဲ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကို သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

အဆိုပါ သက်တမ်းတိုး စာချုပ်သစ် အရ ဖာနန်ဒက်စ် ဟာ အသင်းမှာ လုပ်ခလစာ အများဆုံး ကစားသမားတွေထဲ ပါဝင်လာပြီ ဖြစ်ပါတယ်။

နာမည်ကြီး Telegraph သတင်း ဌာန အဆိုအရ ယူနိုက်တက် ကပ္ပတိန်ဟာ အခုဆို တစ်ပတ် လုပ်ခ ပေါင် ၃ သိန်း ကျော် ရရှိမယ် လို့ သိရပါတယ်။

ဖာနန်ဒက်စ်ရဲ့ ယခင် စာချုပ်ဟာ ၂၀၂၆ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အခု စာချုပ်သစ် အရ ၂၀၂၇ ထိ တိုးလိုက်တာ ဖြစ်ပြီး တစ်နှစ် ထပ်တိုးခွင့် ၂၀၂၈ ထိလည်း စာချုပ်မှာ ပါဝင်ပါတယ်။

ပေါ်တူဂီသားရဲ့ ယူနိုက်တက် အတွက် အစွမ်းကုန် ပေးဆပ် ကစားမှုက သံသယ ဖြစ်စရာ မရှိတာကြောင့် လုပ်ခ တိုးမြှင့်လာတာက ထိုက်တန်တဲ့ ချီးမြှင့်မှု တစ်ခုဆိုရင် မမှားပါဘူး။

ဒီနွေမှာလည်း ကမ်းလှမ်းမှုကောင်းတွေ ရရှိခဲ့ကြောင်း ဖာနန်ဒက်စ် က ထုတ်ဖော် ပြောဆိုခဲ့ပြီး မန်ချက်စတာ ကလပ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။