ဒီည ဖူလ်ဟမ်နဲ့ ပွဲက မန်ယူ အတွက် အေးဆေးပါ ဆိုတဲ့ အလန်ရှီးယား

မန်ချက်စတာ ယူနိုက်တက် ဟာ ပရီးမီးယားလိဂ် အဖွင့် ပွဲ အဖြစ် ဒီနေ့ညမှာ ဖူလ်ဟမ် အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အတွက်ကတော့ ဒီပွဲမတိုင်ခင် ဒဏ်ရာ ပြသနာတွေ ရှိနေသေးသလို အသင်းက ပြိုင်ပွဲဝင်ဖို့ အသင့် အနေအထားမှာ မရှိသေးဘူးလို့ နည်းပြ တန်ဟက်က ပြောဆိုထားပါတယ်။

ဒီပွဲစဉ် မတိုင်ခင် အမျိုးမျိုးသော သုံးသပ် ခန့်မှန်းမှုတွေ ထွက်ပေါ်နေပြီး နယူးကာဆယ် တိုက်စစ်မှုးဟောင်းကြီး ဖြစ်သလို ပရီးမီးယားလိဂ် ဂန္တဝင် တစ်ဦး ဖြစ်တဲ့ အလန်ရှီးယားကတော့ ဒီပွဲမှာ ယူနိုက်တက် အခြေလှမယ် လို့ သုံးသပ်ထားပါတယ်။

အလန် ရှီးယားက ” မန်ချက်စတာ ယူနိုက်တက်က ကွန်မြူနတီဒိုင်းမှာ စတင် ယှဉ်ပြိုင်ထားပြီဖြစ်သလို ဝင်ဘာလေမှာ သူတို့ရဲ့ ခြေစွမ်းကို ကျနော် သဘောကျပါတယ်။ ဒီပွဲက အိမ်ကွင်းပွဲ၊ ရာသီအဖွင့်ပွဲပါ။ သူတို့ ၃-၁ လောက်နဲ့ နိုင်သွားပါလိမ့်မယ်။ ” လို့ ခန့်မှန်း ပြောဆိုခဲ့တာပါ။

ဒီနှစ်သင်း ကစားမယ့် ပွဲချိန် ကတော့ ဒီ သောကြာနေ့၊ မြန်မာစံတော်ချိန် ည ၁ နာရီခွဲ အချိန်မှာ ဖြစ်ပါတယ်။