အိပ်မက်လို ဖြစ်နေတဲ့ ဇက်ဇီး၊ ပွဲလာကြည့်တဲ့ အင်္ဂလန် နည်းပြ၊ ညှိနေတဲ့ ဆန်ချို အပြောင်းအရွှေ့နဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ
မန်ချက်စတာ ယူနိုက်တက် တောင်ပံတိုက်စစ် ကစားသမားသစ် ဇက်ဇီး ကတော့ အသင်းအတွက် ပွဲဦးထါက် အဖွင့်ပွဲစဉ်မှာ ဂိုးသွင်းယူပေးခဲ့တာက အိမ်မက်တစ်ခုလို ခံစားနေရကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
နည်းပြ တန်ဟက်ကတော့ ယူနိုက်တက်မှာ ဂိုးအဆုံးသတ်ပိုင်း တိုးတက်ဖို့ လိုအပ်နေသေးတယ်လို့ ဖူလ်ဟမ် ပွဲ အပြီးမှာ ထောက်ပြသွားခဲ့ပါတယ်။
ဖူဟမ်နဲ့ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ပရိသတ်တွေက Glazer Out ဆိုပြီး ထပ်မံသံပြိုင် ကြွေးကြော်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ဆန်ချိုဟာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ချင်တဲ့ ဆန္ဒရှိနေပြီး ပြင်သစ်လီဂူးဝမ်းအသင်းကလည်း သူ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ကနဦး ဆက်သွယ်မှုတွေတောင် ပြုလုပ်ထားပြီးဖြစ်တယ်လို့ RMC Sport က ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ကတော့ အနည်းငယ် လိုနေသေးပြီး မန်ချက်စတာယူနိုက်တက်က အသက် ၂၄ နှစ်အရွယ် ကစားသမားအတွက် ပေါင် သန်း ၆၀ တောင်းဆိုထားတယ်လို့ သိရပါတယ်။
အင်္ဂလန် နည်းပြသစ် လီ ကာစ်လေဟာ မန်ယူ နဲ့ ဖူဟမ်ပွဲစဉ်မှာ အင်္ဂလန် ကစားသမားတွေရဲ့ ခြေစွမ်းတွေကို လာရောက်ကြည့်ရှုသွားခဲ့ကြောင်း သိရပါတယ်။