ဝေဖန်ရေးဆရာကြီး ကာရေဂါကို ဒေါမကန်ဘဲ ပညာသားပါပါပဲ တုန့်ပြန်ချေပခဲ့တဲ့ မာတီနက်ဇ်

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ မာတီနက်ဇ်ကတော့ ၎င်းကို အရပ်ပုတယ်ဆိုပြီး ပြောဆိုခဲ့ဖူးတဲ့ လီဗာပူးလ်နောက်ခံလူ ကာရေဂါနဲ့ ယခုတစ်ခေါက် ပြန်အတွေ့မှာ ပြန်လည် ချေပနောက်ပြောင်သွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ် အေဂျက်အသင်းထံမှ ရောက်ရှိလာခဲ့တဲ့ မာတီနက်ဇ်ကို ကာရေဂါက ပရီးမီးယားလိဂ်လိုမျိုး အရပ်အမောင်းမြင့်မားတဲ့ လိဂ်မျိုးမှာ မာတီနက်ဇ်ရဲ့ အရပ်အမောင်းက အလုပ်ဖြစ်မှာ မဟုတ်ဘူးဆိုပြီး လူသိရှင်ကြား ဝေဖန်ခဲ့ဖူးပါတယ်။

ယခုတစ်ခေါက် ဖူဟမ်နဲ့ပွဲအပြီး ကာရေဂါနဲ့ ပြန်အတွေ့မှာတော့ မာတီနက်ဇ်က ကာရေဂါ နဲ့ ဘေးချင်းယှဉ်ရပ်ပြီး သူက ခင်ဗျား ကျွန်တော့်ထက် အရပ်မြင့်နေလို့လားဗျာ ဆိုပြီး ပြန်လည်ပြောဆိုခဲ့သလို အရပ်အမောင်းချင်းပါ ယှဉ်ပြီး တိုင်းတာခဲ့ကြပါတယ်။

ကာရေဂါက အရပ် ၆ပေ ၁ လက်မ ရှိသူ တစ်ယောက် ဖြစ်ကာ မာတီနက်ဇ်ကတော့ အရပ် ၅ ပေ ၉ လက်မ ရှိသူ တစ်ယောက် ဖြစ်ပြီး ပြိုင်ဘက်အသင်းကို ကိုယ်စားပြုသူတွေ ဖြစ်တာကြောင့် ယခုလို ဝေဖန်မှုတွေက အထူးအဆန်းတော့ မဟုတ်ခဲ့ပါဘူး။

ကာရေဂါကိုယ်တိုင်ကလည်း အဆိုပါပွဲအပြီး မာတီနက်ဇ်နဲ့ ယှဉ်ရပ်ထားတဲ့ ပုံကို ၎င်းရဲ့ လူမှု စာမျက်နှာပေါ်မှာ ပြန်လည် ဝေမျှခဲ့ပြီး မာတီနက်ဇ်ကို အလေးထား အသိအမှတ်ပြုကြောင်း ပြန်လည် ပြသသွားခဲ့ပါတယ်။