မန်ယူ နောက်ခံလူ မာတီနက်စ် ကို နောက်တကျော့ အတွက် ကြို စိန်ခေါ်လိုက်တဲ့ ထရာအိုရေး
မန်ချက်စတာ ယူနိုက်တက် ရဲ့ ဖူလ်ဟမ်အသင်းကို အနိုင်ရတဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အပြီးမှာ ယူနိုက်တက် ခံစစ်မှူး မာတီနက်စ်ရဲ့ ‘gym’ ပြန်သွားလိုက်ဦး လို့ ရိထေ့ ခနဲ့ခဲ့တာကို အဒမ်မာ ထရာအိုရေးဘက်က ပြန်လည် တုန့်ပြန် စိန်ခေါ်ခဲ့ပါတယ်။
ထိုပွဲမှာ ယူနိုက်တက်ဟာ ဒီနွေမှာ အသင်းထံ ပြောင်းလာတဲ့ တိုက်စစ်မှုး ဇီရစ်ဇီးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တာပါ။
ယူနိုက်တက်ဟာ တိုက်စစ်မှူးသစ်ရဲ့ သွင်းဂိုးနဲ့အတူ မနှစ်ကလို မဟုတ်ဘဲ ဘောလုံးရာသီစ အဖွင့်လှနေခဲ့သလို ခံစစ်မှူး မာတီနက်စ်ကလည်း ပြိုင်ဘက် တိုက်စစ်သမား ထရာအိုရေးရဲ့ ဖောက်ထွက်မှုတွေကို ကြံ့ကြံ့ခံရင်း clean sheet ရအောင် အားထုတ်နိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာ ဂယ်ရီနဗီး၊ ဂျင်မီကာရေဂါ၊ ရွိုင်ကိန်းတို့နဲ့ ပြောဆိုမေးမြန်းတဲ့ အင်တာဗျူးမှာ မာတီနက်စ်က ” ငါ သူ့ကို (ထရာအိုရေး) gym ပြန်ပို့ပေးလိုက်တယ်လေ ” လို့ ရယ်ရယ်မောမော မှတ်ချက်ပေးခဲ့ပါတယ်။
မာတီနက်စ်ကပဲ ” ထရာအိုရေးက ရင်ဆိုင်ကစားရ ခက်ခဲတဲ့သူပါ။ အရင်ဆုံး သူ့ကို ဘယ်လို ယှဉ်ပြိုင်ရမလဲ လေ့လာခဲ့တယ်၊ သူက ဝိတ်ကြီးနဲ့ ငါ့ကို အပြတ်ရှင်းဖို့ ကြိုးစားလို့ ငါကလည်း ပြန်ပြီး တုန့်ပြန် ရှင်းထုတ်ရတော့တာပေါ့။ ” လို့ ဆက်ပြောခဲ့တာပါ။
အဆိုပါ အင်တာဗျူးနဲ့ ပတ်သက်လို့ ဖူလ်ဟမ် တိုက်စစ်သမား ထရာအိုရေးကတော့ ” စိတ်မပူပါနဲ့ မာတီနက်စ်ရေ၊ ငါတို့ ထပ်တွေ့ကြဦးမှာပါ ” လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။