မက်ဆီ အသင်းဖော်တွေကို မရှက်ဘူးလားလို့ တည့် မေးလိုက်ပြီ ဖြစ်တဲ့ ဗန်ဒါဗတ်

ဒီတပတ် မန်စီးတီးကို ပီအက်စ်ဂျီ ရှုံးလိုက်တဲ့ ချန်ပီယံလိဂ် ပွဲ အပြီးမှာ စပါး အသင်း ကစားသမားဟောင်း ဗန်ဒါဗတ် က နာမည်ကျော် လီယွန်နယ် မက်ဆီအား သူ လုပ်နေတာတွေနဲ့ ပတ်သက်ပြီး ရှက်သင့်တယ်လို့ ပြောလိုက်ပါတယ်။

အာဂျင်တီးနား လက်ရွေးစင် ကစားသမား ဟာ ပီအက်စ်ဂျီ အသင်းက မန်စီးတီး အသင်းကို ၂-၁ ဂိုးနဲ့ အရေးနိမ့်တဲ့ ပွဲစဉ်မှာ သူ့ရဲ့လုပ်အားနှုန်းကို အများအပြားက ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

မက်ဆီ၊နေမာနဲ့ ဘတ်ပီ တို့ ရဲ့ဒီရာသီ လုပ်အားနှုန်းနဲ့ ပတ်သက်ပြီး မကြာခဏဆိုသလို မေးခွန်း ထုတ်ခံနေရတာလည်း ဖြစ်ပါတယ်။ဗန်ဒါဗတ် ကလည်း မက်ဆီ ရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာပါ။

ဗန်ဒါဗတ် က “မက်ဆီ ဟာ ကွင်းထဲမှာ လမ်းလျှောက်နေခဲ့တာဖြစ်ပြီး မင်း မရှက်ဘူးလား၊ ကိုယ့်အသင်းဖော်တွေ ကိုယ် မရှက်ဘူးလား လို့ ကျွန်တော် တွေးနေ မေးချင်နေမိတာပါ။ မက်ဆီ နဲ့ ပတ်သက်ပြီး ဒေါသတွေ ထွက်မိလာပါပြီ။ ရှက်ဖို့လည်း ကောင်းပါတယ်။ ဘာလို့လဲဆိုရင် ဒီလို ကစားသမားမျိုး ဘယ်တော့မှ ပြန်မမွေးနိုင်တော့လို့ပါ”

“ဒါဟာ ရော်နယ်လ်ကိုးမန်းလက်ထက်တည်းက စတင်ခဲ့တာပါ။ ဒါဟာ အလုပ်လုပ်ဖို့အတွက် ငြင်းဆိုမှုတခုဖြစ်ပြီး မက်ဆီလို ကစားသမားအတွက်တော့ ဒါဟာ မသင့်တော်ပါဘူး။ တကယ်လို့ သူဟာ ဂိုးမသွင်းနိုင်ရင် ဒါမှမဟုတ် ဂိုး ဖန်တီးမှု မလုပ်နိုင်ရင် ဆိုးရွားတဲ့ ပွဲဖြစ်လာမှာပါ။ မက်ဆီနဲ့ ပီအက်စ်ဂျီ ကတော့ လုံးဝကို အဆင်မပြေပါဘူး”လို့ ဆိုခဲ့ပါတယ်။

ZG

ဒီတပတ္ မန္စီးတီးကို ပီအက္စ္ဂ်ီ ရံႈးလိုက္တဲ့ ခ်န္ပီယံလိဂ္ ပြဲ အျပီးမွာ စပါး အသင္း ကစားသမားေဟာင္း ဗန္ဒါဗတ္ က နာမည္ေက်ာ္ လီယြန္နယ္ မက္ဆီအား သူ လုပ္ေနတာေတြနဲ႕ ပတ္သက္ၿပီး ရွက္သင့္တယ္လို႔ ေျပာလိုက္ပါတယ္။

အာဂ်င္တီးနား လက္ေရြးစင္ ကစားသမား ဟာ ပီအက္စ္ဂ်ီ အသင္းက မန္စီးတီး အသင္းကို ၂-၁ ဂိုးနဲ႔ အေရးနိမ့္တဲ့ ပြဲစဥ္မွာ သူ႔ရဲ႕လုပ္အားႏႈန္းကို အမ်ားအျပားက ေဝဖန္ခဲ့ၾကတာျဖစ္ပါတယ္။

မက္ဆီ၊ေနမာနဲ႔ ဘတ္ပီ တို႔ ရဲ႕ဒီရာသီ လုပ္အားႏႈန္းနဲ႔ ပတ္သက္ၿပီး မၾကာခဏဆိုသလို ေမးခြန္း ထုတ္ခံေနရတာလည္း ျဖစ္ပါတယ္။ဗန္ဒါဗတ္ ကလည္း မက္ဆီ ရဲ႕စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြ ျပဳလုပ္ခဲ့တာပါ။

ဗန္ဒါဗတ္ က “မက္ဆီ ဟာ ကြင္းထဲမွာ လမ္းေလွ်ာက္ေနခဲ့တာျဖစ္ၿပီး မင္း မရွက္ဘူးလား၊ ကုိယ့္အသင္းေဖာ္ေတြ ကိုယ္ မရွက္ဘူးလား လို႔ ကြၽန္ေတာ္ ေတြးေန ေမးခ်င္ေနမိတာပါ။ မက္ဆီ နဲ႔ ပတ္သက္ၿပီး ေဒါသေတြ ထြက္မိလာပါၿပီ။ ရွက္ဖို႔လည္း ေကာင္းပါတယ္။ ဘာလို႔လဲဆိုရင္ ဒီလို ကစားသမားမ်ိဳး ဘယ္ေတာ့မွ ျပန္မေမြးႏိုင္ေတာ့လို႔ပါ”

“ဒါဟာ ေရာ္နယ္လ္ကိုးမန္းလက္ထက္တည္းက စတင္ခဲ့တာပါ။ ဒါဟာ အလုပ္လုပ္ဖို႔အတြက္ ျငင္းဆိုမႈတခုျဖစ္ၿပီး မက္ဆီလို ကစားသမားအတြက္ေတာ့ ဒါဟာ မသင့္ေတာ္ပါဘူး။ တကယ္လို႔ သူဟာ ဂိုးမသြင္းႏိုင္ရင္ ဒါမွမဟုတ္ ဂိုး ဖန္တီးမႈ မလုပ္ႏိုင္ရင္ ဆိုး႐ြားတဲ့ ပြဲျဖစ္လာမွာပါ။ မက္ဆီနဲ႔ ပီအက္စ္ဂ်ီ ကေတာ့ လုံးဝကို အဆင္မေျပပါဘူး”လို႔ ဆိုခဲ့ပါတယ္။