ဘရိုက်တန်ကို အဝေးကွင်း သွားကန်ရင် မန်ယူ မနိုင်ဘူး ဆိုပြန်တဲ့ ဆရာကြီး ပေါမာဆန်ရဲ့ ပွဲကြို ဟောကိန်းထုတ်ချက်

ဒီတပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက် က ဘရိုက်တန် အသင်းနဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကစားမယ့် အချိန်ကတော့ မနက်ဖြန် စနေနေ့ ညနေ ၆ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ဘရိုက်တန် – မန်ချက်စတာ ယူနိုက်တက် တို့ ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

အဲဗာတန်နဲ့ ရင်ဆိုင်ကစားတဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဘရိုက်တန်က သိပ်ကောင်းတဲ့ရလဒ် ရထားပါတယ်။ သူတို့ ရုန်းကန်ရမယ် ထင်ခဲ့ပေမယ့် ကျနော် အထင် မှားသွားတယ်။ ယူနိုက်တက်ကလည်း အဖွင့် သီတင်းပတ်မှာ ဖူလ်ဟမ်ကို အနိုင်ရခဲ့ပါတယ်။

ယူနိုက်တက်က ရလဒ်ကောင်းတွေ ဆက် ရနေဖို့ လိုပါတယ်။ ပွဲထဲမှာ သူတို့ တိုးတက်လာပေမယ့် ရှုံးလည်း ရှုံးနိုင်ခဲ့တဲ့ပွဲပါ။ မေဆန်မောင့်က ဒီရာသီ အရေးပါလာနိုင်ပြီး သူဟာ ချယ်ဆီးမှာတုန်းကလို ယူနိုက်တက်မှာ မစွမ်းဆောင်ပြနိုင်ဘူး ဖြစ်နေပါတယ်။

ကျနော်က မောင့်ရဲ့ ပရိသတ်ပါ၊ သူ့အနေနဲ့ စိုးရိမ်စရာ အခြေအနေကို ပြောင်းလဲနိုင်ရေး ကံကောင်းဖို့လိုပါတယ်။ ဒါကို ပြောင်းလဲအောင် သူကြိုးစားရမှာပါပဲ။

ရလဒ်အားဖြင့်တော့ ဒီပွဲက သရေကျမယ်လို့ ထင်ပါတယ်။ ယူနိုက်တက်က ဒီလို အဝေးကွင်းပွဲမှာ နိုင်ပွဲရစရာအကြောင်း မရှိပါဘူး။

ပေါမာဆန် ရဲ့ ပွဲ ခန့်မှန်းရလဒ်

ဘရိုက်တန် ၁-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။