ပွဲစဉ် ၂ မှာတင် ရှုံးပွဲ စ ကြုံလိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်၊ အစဉ်အလာ မပျက် ဒုက္ခပေးသွားတဲ့ ဘရိုက်တန်

မန်ချက်စတာ ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာပဲ ရှုံးပွဲ စတွ့သွားခဲ့ပါပြီ။ တွေ့တိုင်း ရလဒ်မကောင်းတတ်တဲ့ ဘရိုက်တန်ကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့တာပါ။

ပွဲပြီးခါနီး နာကျင်အချိန်ပိုမှ အနိုင်ဂိုး အသွင်းခံလိုက်ရတာ ဖြစ်ပြီး ယူနိုက်တက်တို့ စောစောစီးစီးပဲ ဖိအားတွေ များသွားခဲ့ပါပြီ။

ယူနိုက်တက်တို့ ပထမပိုင်းက ဦးဆောင်ဂိုးကို အာမက်ရဲ့သွင်းဂိုးနဲ့ ပြန်လည်ချေပနိုင်ခဲ့ပေမယ့် ဂါနာချိုရဲ့သွင်းဂိုး ဇက်ဇီး ရဲ့ ဒူး နဲ့ထိပြီး ပယ်ဖျက် ခံလိုက်ရတာကြောင့် အနိုင် comeback လုပ်ခွင့် နဲ့ ဝေးကွာခဲ့ပါတယ်။

သရေနဲ့ပွဲပြီးပြီ လို့ ထင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ဂျာအိုပက်ဒရိုက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းသွားတာကြောင့် ယူနိုက်တက်တို့ ရာသီသစ် စပြီး နှစ်ပွဲမြောက်မှာတင် ပရီးမီးယားလိဂ်မှာ ရှုံးပွဲနဲ့စတင်ကြုံခဲ့ရပါတယ်။

ကစားပုံအရရော၊ တဦးချင်းခြေစွမ်းအရပါ ယူနိုက်တက်တို့ အားနည်းနေခဲ့တာပါ။ ဘရိုက်တန်က ပိုကောင်းတဲ့ ပုံစံကို ပြနိုင်ခဲ့ပြီး ပွဲပြီးခါနီးမှာ တောက်လျှောက်ဖိအားပေးသွားကာ ပက်ဒရိုရဲ့ အဖိုးတန်အနိုင်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။

ဘရိုက်တန်က ယူနိုက်တက်နဲ့ တွေ့တိုင်း ဒုက္ခပေးနိုင်တဲ့ အသင်း ဖြစ်ပြီး ဒီပွဲမတိုင်ခင် နောက်ဆုံး တွေ့ဆုံတဲ့ ၅ ပွဲမှာ တစ်ပွဲသာ ယူနိုက်တက် နိုင်ထားဖူးတာပါ။