မန်ယူ ရှုံးပွဲစတွေ့ပြီ ဆိုပေမယ့် ရာသီအစပဲ ရှိသေးလို့ စိတ်မပူဖို့ ပရိသတ်တွေအား အိုနာနာ သတိပေး နှစ်သိမ့်
မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ပရီးမီးယားလိဂ်ပွဲ မှာ ဘရိုက်တန်ကို အဝေးကွင်းမှာ ရှုံးနိမ့်ပြီးတဲ့နောက် ယူနိုက်တက် ဂိုးသမား အိုနာနာကတော့ ပရိသတ်တွေ စိတ်မပူကြဖို့ နှစ်သိမ့် အားပေးလိုက်ပါတယ်။
သူတို့က ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပေမယ့် အနိုင်မရခဲ့လို့ စိတ်ပျက်မိတယ် လို့ အိုနာနာက ဆိုပြီး အခုမှ ရာသီစပဲရှိသေးတာမို့ စိတ်ဓါတ်မကျဖို့နဲ့ လက်ကျန် ပွဲစဉ်တွေ အားလုံးကို အနိုင်ကစားပြီး ဆုဖလားရအောင် အားထုတ်မယ်လို့ လည်း အသိပေးလိုက် ပါတယ်။
အိုနာနာက ” အနိုင်ကစားဖို့ လာခဲ့ပေမယ့် ကံမကောင်းစွာဘဲ အနိုင်မရတော့ စိတ်ပျက်ပါတယ်။ ကျနော်တို့က ဘရိုက်တန်ထက် ပိုကောင်းခဲ့သလို အခွင့်အရေးလည်း ပိုရခဲ့တယ်။ ပွဲကိုလည်း ကျနော်တို့ပဲ ထိန်းချုပ်ထားခဲ့တာပါ။

ဒါပေမယ့် ဒါက ဘောလုံးပဲလေ။ ကျနော်တို့ ဆက်သွားရမယ်။ အခု ရှုံးလိုက်တာက ရာသီစ ဒုတိယပွဲပဲရှိသေးတာမို့ ကျနော်တို့ အကောင်းမြင်ပါတယ်။ ဘာတွေမှားခဲ့တယ် ဆိုတာကို သေချာလေး ပြန်လေ့လာရမှာပါ။
ကျနော်တို့ ရှေ့ဆက်ရမယ်၊ လာမယ့်ပွဲတွေကို အနိုင်ရအောင် ကစားရပါမယ်။ ကျနော်တို့က ဆုဖလားအားလုံးကို အောင်မြင်ချင်တာပါ။
ပရိသတ်တွေက စိတ်ပျက်နေမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါက ပုံမှန်ပါပဲ။ ကျနော်တို့ အနိုင်ရချင်ပေမယ့် မနိုင်ခဲ့ဘူး။ ဒီတော့လည်း လာမယ့် ပွဲစဉ် အားလုံးကို အနိုင်ကစားရမှာပေါ့ ” လို့ ပွဲအပြီး မန်ယူနိုက်တက် TV နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။