ဒီပုံတိုင်းဆို နောက် ၂ပွဲ ၃ပွဲ နေရင် တန်ဟက် ပြုတ်လိမ့်မယ် လို့ သတိပေးလိုက်တဲ့ သရဲနီဟောင်းကြီး

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်းကြီး ဒွိုက် ယော့ခ်ကတော့ မနေ့က ဘရိုက်တန်ကို ယူနိုက်တက်တ ို့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြတန်ဟက်ကို သတိပေးစကားပြောဆိုခဲ့ပါတယ်။

ဒွိုက်ယော့ခ်က တန်ဟက်အနေနဲ့ နည်းပြရာထူးမှာ ဆက် ရှိချင်တယ်ဆိုရင် နိုင်ပွဲတွေ ရယူနိုင်မယ့် ကစားဟန်မျိုး ရှာတွေ့ဖို့ လိုအပ်မှာဖြစ်ပြီး လာမယ့် ၂ ပွဲမှာ ရှုံးပွဲဆက်တွေ့မယ်ဆိုရင် အနာဂတ်က မရေမရာဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့တာဖြစ်ပါတယ်။

“တန်ဟက်က မန်ယူနိုက်တက် နည်းပြဖြစ်နေသေးတာ သူ တော်တော်ကံကောင်းတဲ့သူမို့လို့ပါ။ အက်ဖ်အေဖလားကြောင့် သူ သက်သာရာရခဲ့တာ။ ပရီးမီးယားလိဂ်က စွမ်းဆောင်ရည်နဲ့ဆို ဘယ်နည်းနဲ့မှ စာချုပ်သစ် ချုပ်ခံရမှာမဟုတ်ဘူး။
မန်ယူနိုက်တက်က အခြားနည်းပြတွေနဲ့ စကားပြောခဲ့တယ်။ ဆိုတော့ သူတို့ သူ့ကို သဘောမကျဘူးဆိုတာ ရှင်းပါတယ်။

သူ့အနေနဲ့ အခု ရလဒ်ကောင်းတွေ ရနိုင်မယ့် ကစားဟန်မျိုး ရှာဖို့ လိုနေပြီ၊ အေဂျက်တုန်းက ပုံစံက ပရီးမီးယားလိဂ်မှာ အလုပ်ဖြစ်မှာမဟုတ်ဘူး။ အဲဒီတော့ အဲဒီအကြံရှိနေရင် စောစောစီးစီး လက်လျှော့လိုက်တာကောင်းတယ်။
နစ္စတယ်ရွိုင်းနဲ့ စတမ်းတို့ကလွဲပြီး အင်္ဂလန်မှာ မန်ယူနိုက်တက်အတွက် တူတူတန်တန်ကစားပေးနိုင်ခဲ့တဲ့ ဒတ်ချ် ကစားသမားမျိုး မရှိခဲ့ဖူးပါဘူး။

မန်ချက်စတာယူနိုက်တက်မှာ ကိုယ်ပိုင်စတိုင်ရှိတဲ့အတွက် သူ အေဂျက်တုန်းက ပုံစံအတိုင်း ကစားလို့ရမှာမဟုတ်ဘူး။ သူ့အနေနဲ့ ဟန်ချက်ညီမှုကို ရှာဖွေဖို့ အရမ်းဂရုစိုက်ရမယ်။ ဘာလို့လဲဆိုတော့ မန်ယူနိုက်တက်မှာ သူ့အစဉ်အလာနဲ့သူ ရှိပြီးသားမို့လို့ပါ။

တန်ဟက်သာ ဒီရာသီအစောပိုင်း ၃၊ ၄ ပွဲလောက်ရှုံးရင် တော်တော်လေးကို ပြုတ်ဖို့ နီးသွားမှာပါ။ အထူးသဖြင့် အခြားအသင်းကြီးတွေနဲ့ အဝေး အမှတ်ပေးဇယားအလယ်လောက်ရောက်သွားရင်ပေါ့။ တန်ဟက်အတွက် အကြီးမားဆုံးပြဿနာဖြစ်လာနိုင်တဲ့ ရာထူးကနေ ပြုတ်သွားနိုင်တာက မန်စီးတီး၊ အာဆင်နယ်၊ စပါးစ်တို့ကို ရှုံးရင်မဟုတ်ပါဘူး။

ဘရိုက်တန်ကို ရှုံးပြီးတော့ ဆောက်သမ်တန်၊ လီဗာပူးလ်တို့ကို ဆက်ပြီး ရှုံးရင်ဖြစ်ပါလိမ့်မယ်။ အဲဒီအခါကျရင် ထမင်းရည်ပူ လျှာလွှဲလို့ မရတော့ပါဘူး။

ခင်ဗျား အနီးနားမှာရှိနေတဲ့ အသင်းကို အနိုင်ယူနိုင်ရင် အရာအားလုံးက အဆင်ပြေလာပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ တန်ဟက် ပြုတ်ပါလိမ့်မယ်”လို့ပြောဆိုခဲ့ပါတယ်။