တော်မီနေး အထွက်၊ အူဂါတီ အဝင် ဖြစ်သွားရင် ပိုတောင့်လာတဲ့ ယူနိုက်တက်ရဲ့ Squad Depth

မန်ချက်စတာယူနိုက်တက်ဟာ နွေအပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင်မှာ ကွင်းလယ် ကစားသမားတစ်ဦး ရောင်း၊ အသစ် တစ်ဦး ခေါ်ယူကာ အဆုံးသတ်နိုင်ဖို့ ကြိုးစားနေပါတယ်။

ယူနိက်တက် က ကွင်းလယ်လူ တော်မီနေးကို နာပိုလီအသင်းထံ ယူရို သန်း ၃၀ ဖြင့် ရောင်းထုတ်ဖို့ ကြိုးစားနေကာ သူ့နေရာမှာ ပီအက်စ်ဂျီကနေ အူဂါတီကို ပြန်လည် ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

တော်မီနေး ထွက်ပြီး အူဂါတီ ရောက်လာရင် ပိုတောင့်သွားမယ့် ယူနိုက်တက်ရဲ့ လူစာရင်း ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

အူဂါတီက တော်မီနေး နေရာ တိုက်ရိုက် အစားထိုးမှုဖြစ်လာဖွယ် ရှိပြီး ယူနိုက်တက်ရဲ့ ကွင်းလယ်ခံစစ်ကို တောင့်တင်းသွားစေမှာပါ။ တိုက်စစ်နဲ့ ခံစစ်မှာ ရွေးချယ်စရာတွေ များလာတဲ့ ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်း အားနည်းနေတာဖြစ်ပါတယ်။

လတ်တလောမှာ အထောင် တိုက်စစ်နေရာ ဟွိုင်လန်း မကစားနိုင်တာကြောင့် စိုးရိမ်စရာ ဖြစ်နေပေမယ့် အနာဂတ်မှာ ဒိန်းမတ်သားနဲ့ ဇက်ဇီးတို့ အဆိုပါ နေရာ အပြိုင်လုရပါမယ်။

တောင်ပံမှာ ဆန်ချို ထွက်ခွာနိုင်ပေမယ့် အာမတ် တောက်ပနေပြီး ဂနာချို၊ ရက်ဖိုဒ့်၊ အန်တိုနီတို့လည်း ဆက်ရှိနေဦးမှာမို့ အားပျော့သွားဖို့ မရှိပါဘူး။