မန်ယူ၊ အာဆင်နယ်တို့ ပွဲချောင်ကြတဲ့ ကာရာဘောင်းဖလား တတိယအဆင့် မဲခွဲရလဒ်များ ထွက်ပေါ်လာ
ကာရာဘောင်း ဖလား တတိယအဆင့် ပွဲစဉ်များ အတွက် မဲခွဲ ရလဒ်များ ထွက်ပေါ်လာပြီ ဖြစ်ရာ ပရီးမီးယားလိဂ် အသင်းကြီးတွေ ကလည်း ပြိုင်ဘက်အသင်းများ အသီးသီး ထွက်လာပြီ ဖြစ်ပါတယ်။
ဒီရာသီ ဥရောပ ပြိုင်ပွဲတွေမှာ ပါဝင်မယ့် ပရီးမီးယားလိဂ် ကလပ် ၇ သင်းလုံးက ကာရာဘောင်း တတိယအဆင့်ကနေ စတင် ပြိုင်ပွဲဝင်မှာ ဖြစ်ကာ အခြား ပရီးမီးယားလိဂ် ၁၃ သင်းကတော့ ဒုတိယအဆင့်တည်းက ပါဝင် ကစားရပါတယ်။
မန်ချက်စတာ ယူနိက်တက် အသင်းကတော့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လိဂ်ဝမ်းကလပ် ဘန်စလေကို ဧည့်ခံရမှာပါ။
ကာရာဘောင်း လက်ရှိ ချန်ပီယံ လီဗာပူး အသင်းက ဝက်စ်ဟမ်းနဲ့ တွေ့နေပြီး ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးကတော့ ဝက်ဖို့ဒ်နဲ့ တွေ့ဆုံနေပါတယ်။

အာဆင်နယ်ကလည်း လိဂ်ဝမ်းကလပ် ဘောလ်တန်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်လို့ ပွဲချောင်တယ် ဆိုရမှာပါ။
ကာရာဘောင်းဖလား တတိယအဆင့် မဲခွဲရလဒ်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
Manchester United v Barnsley
Liverpool v West Ham
Manchester City v Watford
Arsenal v Bolton
Chelsea v Barrow
Wycombe v Aston Villa
Coventry City v Tottenham
Walsall v Leicester
Brentford v Leyton Orient
Blackpool v Sheffield Wednesday
Preston v Fulham
Everton v Southampton
QPR v Crystal Palace
Stoke City v Fleetwood Town
Brighton v Wolves
Wimbledon v Newcastle United
ကာရာဘောင်း လက်ရှိ ချန်ပီယံကတော့ လီဗာပူး ဖြစ်ပြီး မနှစ်က ဖိုင်နယ်မှာ ချယ်ဆီးကို ၁-ဝ နဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။