မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးအသင်းတို့ရဲ့ ယူရိုပါလိဂ် ပြိုင်ဘက် အသင်းတွေ ထွက်ပေါ်
ဒီသောကြာညမှာ ယူရိုပါလိဂ်ပြိုင်ပွဲ မဲခွဲမှုတွေ ထွက်ပေါ်ခဲ့ပြီဖြစ်ကာ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ ယူနိုက်တက်၊ စပါးတို့ဟာ သူတို့ရင်ဆိုင်ရမယ့် မတူညီတဲ့ ပြိုင်ဘက် ၈ သင်းစီကို ရရှိခဲ့ပြီဖြစ်ပါတယ်။
ပွဲစဉ်အလိုက် အနိုင်အရှုံးကိုတော့ ကလပ် ၃၆ သင်းပါတဲ့ ချန်ပီယံလိဂ် အမှတ်ပေးဇယားထဲ ပေါင်းထည့်မှာဖြစ်ကာ ထိပ်ဆုံး ၈ သင်းဟာ ရှုံးထွက်ကို တိုက်ရိုက်တက်ခွင့် ရရှိပါမယ်။
အဆင့် ၉ ကနေ အဆင့် ၂၄ အတွင်း ကလပ် ၁၆ သင်းကတော့ play-off ပြန်ကစားရမှာဖြစ်ကာ အနိုင်ရတဲ့ ၈ သင်းကလည်း ရှုံးထွက်ကို တက်မှာဖြစ်ပြီး ရှုံးနိမ့်တဲ့ ၈ သင်းကတော့ ကွန်းဖရန့်လိဂ်ထံ ဆင်းကစားရမှာဖြစ်ပါတယ်။
ယူနိုက်တက်ကော၊ စပါးအသင်းပါ အရမ်းကြီး မခက်ခဲတဲ့ ပြိုင်ဘက်တွေကို ရရှိခဲ့ကာ Pot 1 ထဲက အားပျော့တဲ့ ပြိုင်ဘက်အဖြစ် ရိန်းဂျာနဲ့ အတွဲကျခဲ့တာက ကျေနပ်စရာဖြစ်ခဲ့မှာပါ။
အင်္ဂလိပ် ကလပ် နှစ်သင်း ယှဉ်ပြိုင်ရမယ့် အသင်းတွေထဲမှာ တူရကီနဲ့ နယ်သာလန်လိဂ်က ပြိုင်ဘက်တွေ ပါဝင်တာချင်းလည်း တူညီခဲ့ပါတယ်။

ပွဲစဉ်အတိုင်းမှာ ရရှိမယ့် ရမှတ်နဲ့ သွင်းဂိုးတွေက အရေးပါလာမှာဖြစ်ကာ ကစားရမယ့် ၈ ပွဲလုံးမှာ အားချန်ကစားလို့ ရတော့မှာ မဟုတ်ပါဘူး။
ယူရိုပါလိဂ် မဲခွဲမှုမှာ အကြပ်တည်းဆုံးက ရိန်းဂျားဖြစ်ပြီး စပါး၊ ယူနိုက်တက်၊ လိုင်ယွန်၊ အိုလံပီယာကိုစ့်၊ ယူနီယံ စိန့်၊ မယ်မို၊ Club FCSB နဲ့ နိုက်တို့ ပါဝင်ခဲ့ပါတယ်။