မန်ယူ – လီဗာပူးတို့ စူပါဆန်းဒေး ပွဲအတွက် ခရစ်ဆက်တန် ဘယ်လို ဟောကိန်းထုတ်ပြန်
ဒီတပတ် တနင်္ဂနွေနေ့၊ အိုးထရက်ဖို့ဒ်မှာတော့ ပွဲကြီးပွဲကောင်း အဖြစ် မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ ထိပ်တိုက် တွေ့နေကြပါတယ်။
ဘီဘီစီမှ ပင်တိုင် သုံးသပ်တဲ့ ဆရာကြီး ခရစ်ဆက်တန်က မန်ယူ – လီဗာပူး ပွဲ အတွက် ကြိုတင် သုံးသပ်ချက် ထုတ်ထားပြီ ဖြစ်ပါတယ်။
မန်ယူကိုပွဲတိုင်း အရှုံးနဲ့ သရေသာ ခန့်မှန်းလေ့ ရှိတဲ့ ဆက်တန်က ဒီပွဲမှာလည်း သူ့ အစဉ်အလာ အတိုင်းပါပဲ။
ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
မန်ချက်စတာ ယူနိုက်တက် က ပြီးခဲ့တဲ့ ရာသီ ထိပ်တိုက်တွေ့မှုတွေမှာ လီဗာပူးနဲ့ တွေ့တိုင်း ပို ပို ကောင်းလာပါတယ်။ သူတို့က အက်ဖ်အေဖလား ပွဲမှာလည်း နိုင်ခဲ့တယ်။
လီဗာပူးက အာနယ် ဆလော့ လက်အောက်မှာ အရင်လို ဟဲဗီးမက်တယ် စတိုင် မဟုတ်တော့ဘူး။
ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သတ်ရင် ကျွန်တော် မှန်းလိုက်တိုင်း လွဲနေတယ်။ မန်ချက်စတာ ယူနိုက်တက် ပွဲတွေကို ခန့်မှန်းရတာကနေ ကျွန်တော် နှုတ်ထွက်ချင်တယ်ဗျာ။
ဒီပွဲမှာ လီဗာပူးက သူတို့ကို အနိုင်ယူမယ်လို့ ကျွန်တော်က ရွေးချယ်ချင်တယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်
မန်ချက်စတာ ယူနိုက်တက် ၁-၂ လီဗာပူး