ဂုရုကြီး ပေါလ်မာဆန်ရဲ့ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲတွေ သုံးသပ်ခန့်မှန်းချက်တွေ ထွက်ပါပြီ

ဒီတပတ် ပရီးမီးယားလိဂ် ပွဲကောင်းတွေ အတွက် ပေါလ်မာဆန် ရဲ့ ခန့်မှန်း သုံးသပ်ချက်တွေကို တင်ဆက်ပေးလိုက်ရ ပါတယ်။

အာဆင်နယ် – နယူးကာဆယ်

ပြီးခဲ့တဲ့ အပတ်တုန်းက အနိုင်ကျင့် ခံခဲ့ရတဲ့ အာဆင်နယ် တို့ ဒီတပတ်တော့ ပြန်ပြီး အနိုင်ကျင့်ရမယ့် အလှည့်ပါပဲ။ လီဗာပူး ကို ရှုံးခဲ့တာဟာ ထိပ်ဆုံး ၃ သင်းကို ယှဉ်နိုင်ဖို့ လိုနေသေးတယ် ဆိုတာကို အာဆင်နယ် တို့ သိသွား စေခဲ့ပါတယ်။ဒါကြောင့် သူတို့ ကျန်တဲ့ အပိုင်း ( အဆင့် ၄-၅-၆ ) ကိုပဲ အဓိက အားစိုက်တော့မှာပါ။

နည်းပြသစ် ခန့် အပြီးမှာ နယူးကာဆယ် ကစားပုံ နည်းနည်း တက်လာခဲ့ပါတယ်။ အများကြီးတော့ မဟုတ်သေးပါဘူး။ ဒါကြောင့် ဒီပွဲမှာ အာဆင်နယ် ပဲ အနိုင်ယူသွားမှာပါ။

ပေါလ်မာဆန် ကတော့ အာဆင်နယ် ၃ – ၀ နယူးကာဆယ် လို့ ခန့်မှန်း ထားပါတယ်။

လီဗာပူး – ဆောက်သမ်တန်

ဆောက်သမ်တန် က လီဗာပူး တိုက်စစ်ကို တောင့်ခံ နိုင်မယ့် အနေအထားမျိုး မမြင်မိ ပါဘူး။ လီဗာပူး က ဝက်စ်ဟမ်း နဲ့ပွဲမှာ ရှုံးပွဲ ကြုံသွား ခဲ့ပေမယ့် အာဆင်နယ်ကို ဂိုးပြတ် အနိုင်ယူပြီး ချက်ချင်း ပြန်နိုးထ နိုင်ခဲ့ပါတယ်။ အခုပွဲ မှာလည်း ၂ ဘက် အသင်းကြားက ကွာဟချက်က အရမ်းကြီးမားမှာပါ။ လီဗာပူး ပရိသတ်တွေ ကတော့ ဂိုးများတဲ့ သီတင်းပတ် တစ်ခုကို ထပ်ပြီး အရသာခံရဦးမှာပါပဲ ။

ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက် ကတော့ လီဗာပူး ၃ – ၀ ဆောက်သမ်တန် ဖြစ်ပါတယ်။

ဘန်လေ – တော့တင်ဟမ် ဟော့စပါး

အန်တိုနီယို ကွန်တီ က စပါး ကစားသမားတွေကို စိတ် အပြောင်းအလဲ ဖြစ်အောင် လုပ်နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ကွင်းထဲမှာတော့ လိုအပ်ချက်တွေ ရှိနေတုန်းပါပဲ။ ဟယ်ရီကိန်း က မနှစ်ကတုန်းကလို အနေအထားမျိုးကို ပြန်မရောက် နိုင်သေးသလို ကံကလည်း သူ့ဘက်မှာ ရှိမနေ သေးပါဘူး။

ဒီလို ကံတရားမျိုးက ဘန်လေ လို ခံစစ်ကျစ်လျစ်တဲ့ အသင်းမျိုးနဲ့ ကစားတဲ့ ပွဲမှာ ပြန်ထလာဖို့က အလားအလာ နည်းနိုင်ပါတယ်။ သရေဆိုတာ ကျေနပ်စရာ ရလဒ်ပါပဲ။

ဘန်လေ ၁ – ၁ စပါး လို့ ပေါလ် မာဆင် က ခန့်မှန်း သွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီး – ဝက်စ်ဟမ်း

ဝက်စ်ဟမ်း တို့ ဒီလအစမှာလီဗာပူးကို အနိုင်ယူခဲ့ ပါတယ်။ ဒါပေမယ့် ဝုဗ် ကို ပြန်ရှုံးပြီး အဖိုးတန် အမှတ်တွေ လွှင့်ပစ် ခဲ့ရ ပါတယ် ။ ခုထိတော့ ဝက်စ်ဟမ်း က ပုံစံကောင်း ပြနေဆဲပါပဲ။ မန်စီးတီး ကတော့ ကြားရက်က PSG နဲ့ပွဲမှာ စိုးမိုးကစားသွား ခဲ့ပါတယ်။ အခုပွဲ မှာလည်း သူတို့ ဝက်စ်ဟမ်း ကို အသာစီးနဲ့ ကစားနေဦးမှာပါပဲ။

ဒေးဗစ် မိုရက်စ် က အန်တိုနီယို ၊ ဖော်နယ်လ်စ် တို့ကို အားထားပြီး တန်ပြန် တိုက်စစ်ဗျူဟာ ကို ခင်းကျင်း မှာပါ။ ဒါကို စီးတီး ထိန်းချုပ် နိုင်မယ်ဆိုရင် မခက်ခဲတဲ့ နိုင်ပွဲ တပွဲ ဖြစ်လာမှာ အသေအချာပါပဲ။

ပေါလ်မာဆန် ရဲ့ ခန့်မှန်းချက် ၊ မန်စီးတီး ၂ – ၀ ဝက်စ်ဟမ်း ဖြစ်ပါတယ် ။

ချဲလ်ဆီး – မန်ချက်စတာ ယူနိုက်တက်

ချဲလ်ဆီး နိုင်သွားမှာကလွဲရင် ကျန်တဲ့ အခြေအနေကို ကျွန်တော် မမြင်မိပါဘူး။ သူတို့က ဧည့်သည် အသင်းကို လိမ္မော်သီး အရည်ညှစ်သလို ညှစ်ပြီး တပွဲလုံး လွှမ်းမိုးသွားမှာပါ။ ဘောလုံးပိုင်ဆိုင်မှုက ၇၀% လောက်တောင် ဖြစ်ချင် ဖြစ်နိုင်ပါတယ်။

မန် ယူနိုက်တက် က ရိုနယ်ဒို ကိုပဲ အထောင်ထားပြီး ပွဲထွက်လာမှာပါ။ ချဲလ်ဆီး နောက်တန်း လူတွေ ကို ကျော်ပြီး ရိုနယ်ဒို ဝေးဝေး ပြေးနိုင်မှာ မဟုတ်ပါဘူး။

မန်ယူ တောင်ပံတွေက အခုထက် ပိုမြန်ဖို့ လိုပါတယ်။ ကာဗာနီ လိုမျိုး ပြိုင်ဘက် ခံစစ်ကို ဖိအားပေး နိုင်မယ့် ကစားသမားမျိုးလည်း လိုပါတယ်။ ဒါပေမယ့် ဒီလူတွေပါပြီး ဒီလိုတွေ လုပ်နိုင်မယ် ဆိုရင်တောင်မှ သူတို့ ချဲလ်ဆီး ကို အခက်တွေ့စေရုံထက် ပိုမှာ မဟုတ်ပါဘူး။

မန်ယူရဲ့ တန်ပြန်တိုက်စစ် ကစားပုံကလည်း ရိုနယ်ဒို ရဲ့ အကျပိုင်းရောက်လာမှုနဲ့ ဆိုရင် အလုပ်ဖြစ်မယ် လို့ မထင်မိပါဘူး။ သူက မန်ယူအတွက် ဂိုးတွေ သွင်းပေးနေတာ မှန်ပေမယ့် ချဲလ်ဆီး ခံစစ်လို ခံစစ်မျိုးကိုတော့ ထိုးဖောက် နိုင်မှာမဟုတ်ပါဘူး။

ပေါလ်မာဆန် ကတော့ ချဲလ်ဆီး ၃ – ၀ မန်ချက်စတာ ယူနိုက်တက် လို့ ခန့်မှန်း သွားခဲ့ပါတယ်။

အခြားပွဲစဉ်များအတွက် ပေါလ်မာဆန် ခန့်မှန်းချက်များ

နောဝှစ်ချ် စီးတီး ၁-၁ ဝုဗ်

ခရစ္စတယ်ပဲလေ့စ် ၂-၁ အက်စတွန် ဗီလာ

ဘရိုက်တန် ၂-၀ လိဒ်ယူနိုက်တက်

ဘရန်ဖိုဒ့် ၂ – ၁ အဲဗာတန်

လက်စတာ စီးတီး ၂ – ၁ ဝက်ဖိုဒ့်