အလန်ရှီးယားကြီးကတော့ ဒီည အိုးထရက်ဖို့ဒ်မှာ မန်ယူ – လီဗာပူး ပွဲ ဘယ်လို အဖြေထွက်လာမလဲ ကြိုပြောလိုက်ပါပြီ

ဒီနေ့ ညမှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး အသင်းတို့ဟာ အိုးထရက်ဖို့ဒ်ကွင်းကြီးမှာ ထိပ်တိုက် ရင်ဆိုင် ကစားဖို့ ရှိနေပါတယ်။

နယူးကာဆယ် ဂန္တဝင် တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယား ကတော့ ယူနိုက်တက် နဲ့ လီဗာပူးတို့ ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

အလန်ရှီးယားရဲ့ ပွဲကြို ခန့်မှန်း သုံးသပ်ချက်

ယူနိုက်တက်မှာ အပြောင်းအလဲတွေ အများကြီး မမြင်ရပါဘူး။ သူတို့မှာ ဒဏ်ရာ ပြဿနာတွေ ဆက်ရှိနေပြီး အူဂါတီကို ခေါ်ယူလိုက်ပေမယ့် ကွင်းလယ်မှာ ချက်ချင်း ပါဝင်နိုင်မယ် မထင်ပါဘူး။ ဖူလ်ဟမ်ပွဲ၊ ဘရိုက်တန်ပွဲတွေမှာလည်း စွမ်းဆောင်ရည်က သိပ်မပြောင်းလဲပါဘူး။

တိုက်စစ် အသားပေးတဲ့ အသင်းတွေကို ရင်ဆိုင်ရင် ယူနိုက်တက်က ပိုကောင်းတတ်ပါတယ်။ နေရာလွတ်တွေ ချန်ပေးလိုက်ရင် ယူနိုက်တက်က တကယ် နာအောင် ကစားနိုင်ပါတယ်။ ဘရိုက်တန်ပွဲမှာလည်း သူတို့ ရှုံးပေမယ့် ယူနိုက်တက်က အဲ့လို လုပ်ပြခဲ့ပါတယ်။

လီဗာပူးက တိုက်စစ် အသားပေးလွန်းရင် သူတို့ ခံစစ်မှာ စိုးရိမ်စရာ ရှိလာမှာပါ။ အစ်ဝစ်ချ်ပွဲမှာ ပထမပိုင်း မကောင်းပေမယ့် ဒုတိယပိုင်းက အထင်ကြီးစရာပါပဲ။ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာတော့ သူတို့ ဘယ်လောက်တောင် သန်မာပြီး အားကောင်းလဲ ပြသခဲ့တယ်။

ဘရိုက်တန်ပွဲက ခြေစွမ်းကနေ မတိုးတက်လာရင် လီဗာပူးတိုက်စစ်က ယူနိုက်တက်ကို ကောင်းကောင်းကြီး ဒုက္ခပေးပါလိမ့်မယ်။

ဒီပွဲမှာ ဂိုးတွေမြင်ရမှာပါ။ အိုးထရက်ဖို့ဒ် မှာ သရေပွဲမြင်ရမယ် ထင်ပါတယ်။

ပွဲကစးမယ့် အချိန် ကတော့ ဒီနေ့ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၉ နာရီခွဲ ဖြစ်ပါတယ်။