၃ပွဲ ကစား ၂ပွဲ ရှုံးပြီးနောက် ရာသီကုန်ရင် မန်ယူ အဆင့် ဘယ်လောက် ရနိုင်မလဲ ရွိုင်ကိန်းကြီး သုံးသပ်

မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကြီး ရွိုင်ကိန်းကတော့ အဲရစ် တန်ဟက်ရဲ့ အသင်းအနေနဲ့ ဒီရာသီ အဆင့်ဘယ်လောက်နဲ့ ရာသီပြီးဆုံးနိုင်မလဲဆိုတာ ဟောကိန်းထုတ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ လိဂ်ပွဲ ၂ ပွဲဆက်တိုက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ဘရိုက်တန်အိမ်ကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အန်း ဆလော့ရဲ့ လီဗာပူးလ်ကို အိမ်ကွင်းမှာ ၃-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က ပွဲအစပိုင်းမှာ ကောင်းမွန်ခဲ့ပေမယ့်လည်း ကက်စမီရိုရဲ့ အမှား ၂ ခုကနေ ဂိုးတွေ ပေးခဲ့ရပြီးနောက် ကစားပုံ ပျက်သွားခဲ့ပြီး လီဗာပူးလ်ရဲ့ တစ်ဖက်သတ် လွှမ်းမိုးမှုကို ခံခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာ ရွိုင် ကိန်းက ဒီပွဲမတိုင်ခင် လီဗာပူးလ်ထက်ကျော်ပြီး မန်ချက်စတာယူနိုက်တက်က ကောင်းမွန်တဲ့အဆင့်ရပ်တည်ချက်မှာ အဆုံးသတ်နိုင်လိမ့်မယ်ဆိုတဲ့ ဟောကိန်းအတိုင်း ဆက်ပြီးတော့ ရပ်တည်ဦးမလားလို့ မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော်ကတော့ မန်ချက်စတာ ယူနိုက်တက်ဘက်ကနေ ဆက်ပြီး ထောက်ခံသွားမှာပါ။ ထောက်ခံရမှာပဲလေ။ မန်ယူနိုက်တက်က ထိပ်ဆုံး ၄ နေရာထဲတော့ ဝင်နိုင်သေးတယ်လို့ ထင်ပါတယ်။”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက အသင်းသမိုင်း အနိမ့်ဆုံး ရပ်တည်မှု အဖြစ် အဆင့် ၈ နဲ့ ရာသီ သိမ်းခဲ့ရသလို လက်ရှိမှာလည်း အမှတ်ပေးဇယား အဆင့် ၁၄ ရောကေ်နတာကြောင့် ပရိသတ်တွေကတော့ စိုးရိမ် စိတ်ပျက်နေကြပြီ ဖြစ်ပါတယ်။