မန်ယူ တိုက်စစ်မှုးဟောင်း မာရှယ် ကို သမိုင်းနဲ့ချီ အများဆုံး လုပ်ခနဲ့ ကမ်းလှမ်းထားတဲ့ ကလပ်အသင်း

ဂရိကလပ် AEK အေသင် အသင်းဟာ ယူနိုက်တက်ကနေ ထွက်ခွာထားတဲ့ တိုက်စစ်မှုး အန်တိုနီမာရှယ်အား ကလပ်သမိုင်းတွင် အကြီးမားဆုံးလုပ်ခဖြင့် စာချုပ်ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း သိရပါတယ်။

အသက် ၂၈ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်တွင် ၁၀ နှစ်ကြာ ကစားပြီးနောက် နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။

သူဟာ ယူနိုက်တက်မှ ထွက်ခွာလာပြီး ကလပ်လက်မဲ့ ဖြစ်နေတဲ့ သုံးလတာအတွင်း ပြင်သစ်ထိပ်သီး လိုင်လီနှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ပေမဲ့ ပျက်ပြယ်သွားခဲ့ပါတယ်။

ယခုအခါမှာတော့ AEK အေသင် အသင်းက မာရှယ်အား သူတို့ ကလပ်သမိုင်းတွင် အကြီးမားဆုံးစာချုပ်ဖြင့် ကမ်းလှမ်းလာပါတယ်။

အေသင်အခြေစိုက် ကလပ်ရဲ့ စာချုပ်တန်ကြေး အပြည့်အစုံကို မသိရသေးပေမဲ့ ပေါင် ၂ သန်းအထက်တွင် ရှိလာဖို့ ရှိနေပါတယ်။ လက်ရှိ AEK အေသင် ရဲ့ လုပ်ခအများဆုံးကစားသမားက စပါး ကြယ်ပွင့်ဟောင်း အဲရစ်လာမီလာ ဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် ၂ သန်း ရရှိနေပါတယ်။

AEK အေသင် ဟာ ယခုနွေရာသီတွင် ဆီဗီလာမှ ထွက်ခွာလာတဲ့ လာမီလာကိုလည်း အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးတိုက်စစ်မှူးဒေးဗစ်ဒါထရိုဖိုဖာနာအား ခေါ်ယူရန် ဆွေးနွေးနေပါတယ်။ ဂရိအပြောင်းအရွှေ့ဈေးကွက်မှာ စက်တင်ဘာလ ၁၁ ရက်နေ့တွင်မှ ပိတ်ပါမယ်။

အသက် ၁၉ နှစ်အရွယ်တွင် ပေါင် ၄၄.၅ သန်းဖြင့် ယူနိုက်တက်သို့ ပြောင်းလာခဲ့တဲ့ မာရှယ်ဟာ ၂၀၁၅ ခုနှစ်တုန်းက အသက်၂၁ နှစ်အောက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု Golden Boy ဆုကို ဆွတ်ခူးခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ သူ့ကို မေဂျာလိဂ်ကလပ်များနှင့် ဆော်ဒီကလပ်များကလည်း ခေါ်ယူရန် ဆက်သွယ်ထားကြပါတယ်။