အာဆင်နယ်ထံမှ နောက်ထပ် အကယ်ဒမီကြယ်ပွင့်ကို ခေါ်ယူလိုက်ပြန်တဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အာဆင်နယ် ထံမှ နောက်ထပ် အကယ်ဒမီ ကြယ်ပွင့် ကစားသမားလေး တစ်ဦး ထပ်မံ ခေါ်ယူလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဂိုးသမား ဟူးဗတ်ဟာ အလားအလာ ကောင်းတွေ ရှိသူ ဖြစ်ပြီး နွေမှာ အာဆင်နယ်နဲ့ စာချုပ်ကုန်ခဲ့တာဖြစ်ကာ သက်တမ်းမတိုးဘဲ အလွတ်ဖြင့် ထွက်ခွာသွားတာပါ။

သူ့ကို မန်ချက်စတာ ယူနိုက်တက်က ခေါ်ယူလိုက်ပြီ လို့ တရားဝင် ကြေညာခဲ့ကာ ယူ-၂၁ အသင်းမှာ စတင် အသုံးပြုမှာဖြစ်ပါတယ်။

ဟူးဗတ် ဟာ ယူနိုက်တက်က ဘလက်ဘန်းကို ၃-၁ ဖြင့် အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်-၂ ပွဲစဉ်မှာ အရန်စာရင်းက စတင် ပဝင်ါလာခဲ့ပါတယ်။

ဒီနွေမှာ အာဆင်နယ် နဲ့ စာချုပ် မချုပ်ဘဲ အလွတ် အဖြစ် ထွက်ခွာသွားတဲ့ လူငယ်ကြယ်ပွင့်က ဟူးဗတ်တစ်ဦးတည်း မဟုတ်ဘဲ တိုက်စစ်မှုးလေး အိုဘီ မာတင်ကလည်း ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ခဲ့ပါသေးတယ်။

အိုဘီမာတင်ကို ယူနိုက်တက် ထက် ပိုများတဲ့ လုပ်ခ၊ လစာ ခံစားခွင့်တွေနဲ့ ဂျာမန်ကလပ်တွေက ကမ်းလှမ်းခဲ့သော်လည်း ဒိန်းမတ်သားလေးက မန်ချက်စတာ ယူနိုက်တက်ကိုပဲ ရွေးချယ်ခဲ့တာပါ။

အိုဘီ မာတင်ရဲ့ နာမည်ကြီး ပွဲ တစ်ပွဲကတော့ လီဗာပူး U16 နဲ့ ရင်ဆိုင်တဲ့ ပွဲတုန်းက ၁၄-၃ နဲ့ အပြတ်အသတ် နိုင်ခဲ့ပြီး သူတစ်ယောက်တည်းတင် ၁ဝ ဂိုး သွင်းယူခဲ့တာပါ။

ဒါ့အပြင် အိုဘီမာတင်က U18 တန်းမှာလည်း နောဝစ်ချ် အသင်းကို ၉-ဝ နဲ့ နိုင်တဲ့ပွဲမှာ တစ်ယောက်တည်း ၇ ဂိုးထိ ဂိုးသွင်းခဲ့ဖူးပါတယ်။