ဘရူနို ဝန်ခံမှု၊ တန်ဟက်ဘက်က အားပေးတဲ့ အကြီးအကဲ ၂ဦး၊ အူဂါတီရဲ့ စကား နဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ

မန်ယူအသင်း ကွင်းလယ် ကစားသမားသစ် အူဂါတီကတော့ အသင်းရဲ့ တာဝန်တွေကို ကူညီထမ်းဆောင်ပေးဖို့ အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သူတို့အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အသင့်မဖြစ်သေးဘူးလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ဂရိကလပ် အေအီးကေအေသင်ဟာ မန်ယူ တိုက်စစ်မှုးဟောင်း အန်တိုနီ မာရှယ်အား ကလပ်သမိုင်းတွင် အကြီးမားဆုံးလုပ်ခဖြင့် စာချုပ်ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း သိရပါတယ်။

မန်ယူအသင်း ကွင်းလယ် ကစားသမား ကာဆီမီရို ကတော့ ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် လက်ရှိ အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ ဘရာဇီးသားကို ဂါလာတာစာရေးက တူရဂီ ဈေးကွက် မပိတ်ခင် အမှီ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

မန်ယူ လူငယ် ကြယ်ပွင့် ဖြစ်တဲ့ ကိုဘီမိုင်နူးနှင့် အလီဂျန်ဒရိုဂါနာချိုတို့ဟာ Ballon d’Or ဆုပေးပွဲတွင်ပင် ချီးမြှင့်လာမဲ့ ကမ္ဘာ့အကောင်းဆုံး အသက် ၂၁ နှစ်အောက် ကစားသမားဆု Kopa Trophy Award အတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်လာပါတယ်။

ယူနိုက်တက် အမှုဆောင်ချုပ်ဖြစ်သူ အိုမာဘရာဒါနဲ့ အားကစား ဒါရိုက်တာ ဒန်အက်ရှ်ဝေ့ါသ်တို့ကတော့ အဲရစ်တန်ဟက်ကို အခိုင်အမာ အားပေးထောက်ခံနေဆဲပဲဖြစ်ပါတယ်။

အိုမာဘရာဒါက “အဲရစ်တန်ဟက်ကို ကျွန်တော်တို့ ယုံကြည်မှု ရှိသေးလားလို့ မေးလာရင် လုံးဝ ယုံကြည်မှုရှိပါတယ်ဆိုပြီး ဖြေမှာပါ။ အဲရစ်တန်ဟက်ဟာ ကျွန်တော်တို့အတွက် အသင့်တော်ဆုံးနည်းပြဖြစ်တယ်လို့ ယူဆပြီး သူ့ကို ကျွန်တော်တို့တွေ အပြည့်အ၀ အားပေးထောက်ခံထားတာ ဖြစ်ပါတယ်။”

“ကျွန်တော်တို့အနေနဲ့ အဲရစ်တန်ဟက်နဲ့အတူ အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ရလဒ်ကောင်းရယူနိုင်အောင် ကူညီပေးသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဒါရိုက်တာ အန်ဒီ အိုဘွိုင်ယီ တစ်ယောက် ရာထူးမှ နှုတ်ထွက်သွားခဲ့ကြောင်း သတင်း ရရှိပါတယ်။