မန်ယူရဲ့ လက်ရှိ လစာ အများဆုံး ကစားသမား ၁ဝ ဦး စာရင်း ထွက်လာရာမှာ အံ့ဖွယ်တချို့ ပါဝင်နေ
မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေရဲ့ လက်ရှိ ရနေတဲ့ လုပ်ခလစာ ကို လေ့လာကြည့်ရင် တချို့ရုန်းကန်နေရသူတွေက လစာ အများဆုံး စာရင်းထဲ အံ့အားသင့်ဖွယ် ပါဝင်နေပါတယ်။
မန်ယူနိုက်တက်မှာ တစ်ပတ် လုပ်ခလစာ ပေါင် ၃ သိန်း အထက် ရရှိတဲ့ ကစားသမားကတော့ ၃ ဦး ရှိပါတယ်။
လက်ရှိ လစာ အမြင့်ဆုံးကတော့ ကာဆီမီရိုနဲ့ စာချုပ်သက်တမ်းတိုးထားတာ မကြာသေးတဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်တို့ ဖြစ်ကာ နှစ်ယောက်လုံး တစ်ပတ် လုပ်ခ ပေါင် ၃သိန်း ၇သောင်းခွဲ ရရှိနေပါတယ်။
ယူနိုက်တက်မှာ လစာ အများဆုံး ရတဲ့ ထိပ်ဆုံး ၁ဝ ဦးက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
1. Casemiro — £375,000-a-week
2. Bruno Fernandes — £375,000-a-week
3. Marcus Rashford — £350,000-a-week
4. Mason Mount — £250,000-a-week
5. Antony — £200,000-a-week
6. Matthijs de Ligt — £195,000-a-week
7. Harry Maguire — £190,000-a-week
8. Christian Eriksen — £150,000-a-week
9. Luke Shaw — £150,000-a-week
10. Victor Lindelof — £120,000-a-week
ဖာနန်ဒက်စ်က အသင်းခေါင်းဆောင် ဖြစ်သလို ယူနိုက်တက်ရဲ့ အဓိက အားထားရသူ တစ်ဦး ဖြစ်နေပေမယ့် ကာဆီမီရိုနဲ့ မားကပ် ရက်ဖို့ဒ်တို့ကတော့ ရုန်းကန်နေရတဲ့ ကစားသမားတွေပါ။
ဒါ့အပြင် ဒဏ်ရာတွေနဲ့ နပန်းလုံးနေလေ့ ရှိတဲ့ မေဆန်မောင့်၊ ရှော၊ လင်ဒီလော့ဖ်တို့လည်း လစာ အမြင့်ဆုံး စာရင်းမှာ ပါဝင်ပါတယ်။