ဗာနာနဲ့ လူကာကူ၊ မော်ရင်ဟိုကြောင့် ကျေနပ်ခဲ့တဲ့ လမ်းပတ်၊ ချီဝဲလ် အခြေအနေနဲ့ ချဲလ်ဆီး သတင်းများ

နာမည်ကျော်တဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ ဒီတစ်ပတ်ပွဲစဉ်မှာ ချဲလ်ဆီးအနေနဲ့ မန်ယူကို ၃-၁ ဂိုးနဲ့ အနိုင်ရမှာဖြစ်ကြောင်း၊ ချဲလ်ဆီးရဲ့ ခံစစ်ကြောင်းက ကျစ်လျစ်လွန်းပြီးမန်ယူအနေနဲ့ ယှဉ်နိုင်မှာ မဟုတ်ကြောင်း သုံးသပ်ခဲ့ပါတယ်။

လူကာကူ နောက် အရန်အဖြစ်သာ နေရာရနေတဲ့ တီမိုဗာနာဟာ နောက်နှစ်နွေမှာ ချဲလ်ဆီးကနေ ထွက်ခွာဖို့ ဖြစ်နိုင်ခြေ ရှိကြောင်း သတင်းထောက် ရိုမန်နို က သုံးသပ်ခဲ့ပါတယ်။ ဒါပေမယ့် ဗာနာဟာ ပရော်ဖက်ရှင်နယ် သိပ်ဆန်သူ ဖြစ်တာကြောင့် အသင်းကို ပြသနာ ရှာမှာတော့ မဟုတ်ဘူးလို့ ၎င်းက ဆိုပါတယ်။

ချဲလ်ဆီး နည်းပြဟောင်းလမ်းပတ်က သူ့အနေနဲ့ ချဲလ်ဆီးကနေ ထုတ်ပယ်ခံရစဉ်က မော်ရင်ဟိုရဲ့ ထွေးပွေ့ အားပေးမှုကို ရခဲ့လို့ ကျေနပ်မိကြောင်း ထုတ်ဖော် ပြောဆို ခဲ့ပါတယ်။

ချဲလ်ဆီးနောက်ခံလူ ဘင်ချီဝဲလ်က သူ့အနေနဲ့ ဒူးအရွတ် စုတ်ပြဲဒဏ်ရာကြောင့် ကာလရှည် အနားယူရတော့မဲ့အပေါ် အကောင်းဆုံးပုံစံ ပြသနေချိန်မှာ ဒီလိုဒဏ်ရာမျိုးရရှိခဲ့တာ အလွန်စိတ်ပျက်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်က သူ့အနေနဲ့ အသင်းက အကယ်အမီ ကစားသမားတွေကို အလွန်နှစ်သက်မှုရှိကြောင်း၊ သူတို့ အသင်းဟာ အလွန်ကောင်းမွန်တဲ့ အကယ်ဒမီကစားသမားတွေရှိကြောင်း၊ သူတို့ရဲ့ အနာဂတ်ဟာ အလွန် တောက်ပနေကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြ တူချယ်ကတော့တိုက်စစ်မူှး လူကာကူအနေနဲ့ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပေမဲ့ လက်တွေ့ပွဲစဉ်တွေ ကစားဖို့တော့ အသင့် မဖြစ်သေးတာကြောင့် မန်ယူနဲ့ ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးမှာ နည်းစနစ်အကြံပေးအဖြစ်ဆောင်ရွက်နေတဲ့ ပီတာချက်က သူတို့အနေနဲ့ မန်ယူနဲ့ပွဲစဉ်မှာ သတိထားဖို့ လိုအပ်ကြောင်း၊ နည်းပြသစ် ကိုင်တွယ်နေတဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ရတာ လှည့်ကွက်တွေရှိကြောင်းသူတို့အနေနဲ့ ပေါ့ဆလို့ မရကြောင်း သတိပေးခဲ့ပါတယ်။