ပြိုင်ဘက် အသင်းကြီးတွေနဲ့ တွေ့တိုင်း အောက်အသင်း ဖြစ်လာတဲ့ မန်ယူကို တန်ဟက် မပြောင်းလဲနိုင်ရင် ထုတ်ဖို့ တာဝန်ရှိသူတွေ ပြင်ဆင်
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားဟန်သာ တိုးတက်လာခြင်း မရှိဘူးဆိုပါ အသင်းနည်းပြ တန်ဟတ် ရဲ့ အနာဂတ်ကို မန်ယူအသင်း တာဝန်ရှိသူတွေက အာမခံချက် ပေးထားခြင်း မရှိကြောင်း သိရပါတယ်။
အသင်းကြီးတွေနဲ့ ယှဉ်ကစားတိုင်း အောက် အသင်းအဖြစ်သာ သက်မှတ်ခြင်း ခံနေရတဲ့ မန်ယူအသင်းရဲ့ ကစားဟန်က မန်စီးတီး၊ လီဗာပူးလ်တို့ကို လိုက်မှီနိုင်ဖို့ ခက်ခဲနေပြီး အာဆင်နယ်၊ စပါး၊ ချဲလ်ဆီး စတဲ့ အသင်းတွေနဲ့တော့ သူတင် ကိုယ်တင် ကစားနိုင်စွမ်းတော့ ရှိနေကြပါတယ်။

တန်ဟတ် ဟာ အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးမြှင့်ထားသူ တစ်ယောက် ဖြစ်ပေမယ့် မန်ယူအသင်းဘက် အချိန်မရွေး ရာထူးမှ ဖြုတ်သွားနိုင်ခြေ ရှိနေပြီး အသင်းရဲ့ ရှေ့ပွဲစဉ် ရလဒ်တွေကို အသင်း တာဝန်ရှိသူတွေက စောင့်ကြည့်သွားဖို့ စီစဉ်ထားပါတယ်။
လီဗာပူးလ်ကို သုံးဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် တန်ဟတ်ဂ်ရဲ့ အနာဂတ်က ပိုမို လှုပ်ခတ်လာခဲ့တာ ဖြစ်ပြီး အဲဗာတန် အသင်းနည်းပြ ဆန်ဒိုက်နဲ့အတူ ရာထူးမှ ထုတ်ခံရဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
မန်ယူအသင်း တာဝန်ရှိသူတွေက အသင်းရဲ့ ကစားဟန်ကို အဓိက စောင့်ကြည့်ဖို့ ဆုံးဖြတ်ထားပြီး ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ပွဲက အသင်းကစားဟန်ကိုတော့ အတော်လေး စိတ်ပျက်နေကြကြောင်း သိရှိရပါတယ်။