ဘိုင်ယန်ကြယ်ပွင့်ကို မန်ယူ ပြောင်းလာဖို့ ကပ်တိုးလေး စည်းရုံးခဲ့တဲ့ မန်ယူတိုက်စစ်မှုး ဇက်ဇီး

ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ဂျမဲ မူစီယာလာ က ဒီနွေမှာ အိုးထရက်ဖို့ဒ်ထံ ပြောင်းရွှေ့ခဲ့တဲ့ မန်ယူတိုက်စစ်မှုးသစ် ဇက်ဇီးနဲ့ စကားပြောဆိုခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

မူစီယာလာ ဟာ စတုဂတ်မှာ မွေးဖွားခဲ့သူဖြစ်ပေမယ့်လည်း အသက် ၇ နှစ်အရွယ်မှာ အင်္ဂလန်ကို ပြောင်းရွှေ့ခဲ့ပြီး ကလေးဘဝကို အင်္ဂလန်နိုင်ငံမှာပဲ ကုန်ဆုံးခဲ့သူဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်ကြယ်ပွင့်ဟာ ဆောက်သမ်တန်နဲ့ ချဲလ်ဆီးအကယ်ဒမီတွေမှာ ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ ဂျာမနီကို ပြန်သွားပြီး ဘိုင်ယန်မြူးနစ် ယူ-၁၇ အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

မူစီယာလာ ဟာ ဘိုင်ယန်မြူးနစ်မှာ လူငယ်အသင်းအဆင့်ဆင့် ဖြတ်ကျော်ပြီးနောက် ပထမအသင်းထဲမှာ ပါဝင်ကစားခွင့်ရခဲ့တဲ့အချိန်ကတည်းက ကမ္ဘာပေါ်က အကောင်းဆုံးလူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။

မူစီယာလာ ဟာ အင်္ဂလန်အတွက် ယူ ၁၅ ကနေ ယူ-၂၁ အတွက် ကစားပေးခဲ့ဖူးပေမယ့်လည်း ဘိုင်ယန်မြူးနစ်အသင်းဖော်တွေက ဂျာမနီလက်ရွေးစင်အသင်းအတွက် ပြောင်းကစားပေးဖို့ စည်းရုံးခဲ့တာကြောင့် လက်ရှိမှာတော့ နာဂယ်စ်မန်းရဲ့ အဓိက ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

မူစီယာလာ ဟာ ပြီးခဲ့တဲ့ရာသီ ဘိုင်ယန်မြူးနစ်အတွက် ၃၈ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဒီရာသီ ၃ ပွဲမှာ သွင်းဂိုး ၁ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ထိုသို့ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပေမယ့်လည်း မူစီယာလာ ကို ဘိုင်ယန်မြူးနစ်က လာမယ့်နွေရာသီမှာ ဆုံးရှုံးရနိုင်တဲ့ အန္တရာယ်ရှိနေပြီး စာချုပ်သက်တမ်းက ၂၀၂၆ ခုနှစ် ဇွန်လမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

မူစီယာလာ ဟာ နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းဖော်ဟောင်း ဇက်ဇီးနဲ့ လေ့ကျင့်ရေးဆင်းခဲ့ပြီး မန်ယူနိုက်တက်ကစားသမားသစ် ဖြစ်လာမယ့် ဒတ်ချ်တိုက်စစ်မှူးက ဘွန်ဒက်စ်လီဂါကြယ်ပွင့်ကို အိုးထရက်ဖို့ဒ်မှာ အတူတူ လာကစားဖို့ စည်းရုံးခဲ့တယ်လို့ သိရပါတယ်။

အမြဲတမ်း သူငယ်ချင်းတွေနဲ့ ဟာသတွေ ပြောဖြစ်ပြီး တစ်နေ့မှာ တစ်သင်းတည်း အတူတူ ကစားဖို့ အိပ်မက်မက်တတ်ကြပါတယ်။ ဟာသတွေက အတည်လည်း ဖြစ်လာတာရှိတယ်။ ပေါ့ပေါ့ပျက်ပျက်ဖြစ်သွားတာလည်းရှိတယ်။ ကျွန်တော်လည်း ဂျိုရွှာကို ဘိုင်ယန်ပြန်လာဖို့ပြောခဲ့ပေမယ့် သူ အဲဒါကို အတည်လို့ မယူဆခဲ့ပါဘူး။

ကျွန်တော် ဘိုင်ယန်မှာ အရမ်းပျော်နေပါတယ်။ အသင်းနဲ့ လက်ရွေးစင်အသင်းရဲ့ ပန်းတိုင်တွေအပေါ်မှာ အပြည့်အဝ အာရုံစိုက်နေပါတယ်။ ကျွန်တော် လာမယ့် ၅ နှစ်အတွင်း ဘယ်မှာကစားရမလဲဆိုတာကို သိပ်အများကြီး မတွေးပါဘူး။ ဘောလုံးလောကမှာ အရာအားလုံးက လျင်လျင်မြန်မြန် ပြောင်းလဲနိုင်ပါတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။