ကာဗာနီနဲ့ ဘာစီ၊ ချဲလ်ဆီးပွဲ မပါနိုင်သေးတဲ့ မန်ယူ နည်းပြသစ် ရင်းနစ်နဲ့ ယနေ့ည မန်ယူသတင်းများ
မန်ချက်စတာယူနိုက်တက်အနေနဲ့ လိုက်ပ်ဇစ်နည်းပြဟောင်းရန်နစ်ကို သူတို့ရဲ့ ယာယီနည်းပြအဖြစ် တရားဝင် မကြေညာခင်မှာ စာရွက်စာတမ်းကိစ္စတွေ အပြီးသတ် လုပ်ဆောင်နေတယ်လို့သိရပါတယ်။ Brexit စည်းမျဉ်းကြောင့် ရန်နစ်အနေနဲ့ ချဲလ်ဆီးနဲ့ပွဲကို ကိုင်တွယ်နိုင်မှာတော့ မဟုတ်သေးပါဘူး။
ဘိုင်ယန်မြူးနစ်နည်းပြ နစ်ဂျယ်မန်းက ရန်နစ်အနေနဲ့ မန်ယူအသင်းမှာ ကိုင်တွယ်မှာ ခမ်းနားကြောင်း၊ ရန်နစ်အနေနဲ့ မန်ယူမှာ အောင်မြင်မှု ရယူနိုင်မှာဖြစ်ကြောင်း၊ ရန်နစ်အနေနဲ့ မန်ယူမှာ ကာလရှည်နေရဖို့ မျှော်လင့်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ရီးရဲလ် မက်ဒရစ်တိုက်စစ်မူှး ဗင်နီဆီးယက်စ်ကို ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ El Nacional ရဲ့ ဖော်ပြချက်အရ မန်ယူအနေနဲ့ ဗင်နီဆီးယက်စ်ကိုငွေကြေးများစွာ သုံးစွဲဖို့ ပြင်ဆင်နေတယ် လို့ သိရပါတယ်။
လီဗာပူးဂန္ထဝင်ဟောင်း ဂျွန်ဘန်းစ်က သူ့အနေနဲ့ မန်ယူနောက်ခံလူ မက်ဂွဲရားကို အပြစ်မတင်လိုကြောင်း၊ မက်ဂွဲရားဟာ နောက်ခံလူကောင်း တစ်ဦး ဖြစ်ကြောင်း၊ မန်ယူအသင်းဖော်ဆီကနေ ကူညီမှု အပြည့်အဝမရလို့မက်ဂွဲရားအနေနဲ့ ရုန်းကန်နေရခြင်းဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
ဘာစီလိုနာအနေနဲ့ မန်ယူ ဝါရင့်တိုက်စစ်မှူးကာဗာနီကို ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း သတင်းထွက်နေပြန်ပါတယ်။ ဘာစီလိုနာအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ ကာဗာနီကို ခေါ်ယူလိုနေပြီး ကနဦး ရာသီကုန်အထိ ခေါ်ယူမှာဖြစ်ပြီး နောက်ထပ်တစ်ရာသီ စာချုပ်ချုပ်ခွင့် ထည့်သွင်းချုပ်ဆိုသွားမှာပါ။
လီဗာပူးနည်းပြကလော့က သူ့ဆရာဟောင်း ရန်နစ်အနေနဲ့ မန်ယူအသင်းကို ရောက်လာတဲ့အပေါ် – “နည်းပြကောင်း တစ်ယောက် အင်္ဂလန်ကို ရောက်လာတပါ။ သူက တကယ့်ကို အတွေ့အကြုံရင့်ကျက်တဲ့ သူ ပါ။ ကျွန်တော်တို့အတွက်တော့ ဒါဟာ သတင်းကောင်း မဟုတ်ဘူးပေါ့” လို့ ဖွင့်ဟခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက် ကွင်းလယ်လူ ဖီးလစ်အနေနဲ့ မန်ယူကိုပြောင်းရွှေ့ဖို့ စိတ်ဝင်စားခြင်းမရှိကြောင်း သိရပါတယ်။ မန်ယူအနေနဲ့ နွေရာသီမှာ ဖီလစ်ကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူဖို့ စီစဉ်ထားပေမဲ့ ဖီလစ်နဲ့ လိဒ်စ်နဲ့ ခါးသီးတဲ့ပြိုင်ဘက်ကို မပြောင်းလိုတာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မူှး မာရှယ်လ်နဲ့ ကွင်းလယ်လူ ဗန်ဒီဘတ်ချ်တို့အနေနဲ့ ယာယီနည်းပြသစ် ရန်နစ်ကြောင့် အသင်းကနေထွက်ခွာမဲ့ အစီအစဉ်ကို ရွှေ့ဆိုင်းဖွယ် ရှိနေပါတယ်။ သူတို့နှစ်ဦးဟာ နည်းပြဟောင်း ဆိုးလ်ရှားလက်အောက်မှာ ပွဲထွက်ခွင့် မရခဲ့တာပါ။