၄၅ မိနစ်နဲ့ လူစားလဲခံခဲ့ရပြီး နယ်သာလန်မှာ အခြေမလှ ဖြစ်သွားခဲ့တဲ့ နောက်ခံလူ ဒီလစ်

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူသစ် ဒီလစ်ဟာ နယ်သာလန်နဲ့ ဂျာမနီတို့ရဲ့ ၂-၂ နဲ့ သရေကျသွားတဲ့ပွဲ အပြီး အမှားတွေကြောင့် လက်ညှိုးထိုးခံနေရပါတယ်။

ညက နေးရှင်းလိဂ်ပွဲမှာ မန်ယူနဲ့ နယ်သာလန် နောက်ခံလူ ဒီလစ် အမှားကြောင့် နယ်သာလန်က ချေပဂိုးပေးလိုက်ရပြီး ပထမပိုင်း ပြီးချိန် ပွဲချိန် ၄၅ မိနစ်တည်းက လူစားလဲခံ ခဲ့ရပါတယ်။

ဒီပွဲဟာ ယူနိုက်တက်နဲ့ နယ်သာလန်က နောက်ခံလူ ဒီလစ် အတွက်တော့ အိပ်မက်ဆိုး မက်ခဲ့တဲ့ ညပဲ ဖြစ်မှာပါ။

နယ်သာလန်ဟာ ပွဲချိန် ၂ မိနစ်တည်းက အဖွင့်ဂိုး သွင်း ဦးဆောင်ခဲ့ပေမယ့် ပွဲချိန် ၃၈ မိနစ်မှာ ဒီလစ် အမှားကနေ ချေပဂိုး ပြန်ပေးခဲ့ရတာပါ။

ဒီလစ်ဟာ နောက်တန်းမှာ ဘာဖိအားမှ မရှိချိန်မှာ ဘောလုံး အပေးမှားခဲ့ပြီး ဂျာမနီ တိုက်စစ်မှုး Deniz Undav က ဘောလုံးရယူ ဂိုးသွင်းသွားခဲ့တာပါ။

ဒီအမှားက မသိမသာ ပြီးသွားတာမျိုး မဟုတ်ဘဲ နယ်သာလန် နည်းပြ ကိုးမန်းက ဒုတိယပိုင်းမှာ ဒီလစ်ကို ထည့်မသုံးတော့ဘဲ Van Hecke နဲ့ လူစားလဲခဲ့ပါတယ်။

ဒီလစ် အတွက်တော့ မန်ချက်စတာ ကလပ်နဲ့ ရလဒ်ဆိုးတွေ ကြုံနေချိန် နိုင်ငံအသင်းမှာ အဖတ်ပြန်ဆယ်ဖို့ ကြိုးစားရမယ့် အခါကောင်းကို လက်လွှတ်သွားခဲ့ရပြီး ဝေဖန်မှုတွေ ရင်ဆိုင်နေရပါတယ်။