အသင်းက ကျဆင်းနေပေမယ့် ဥရောပ လိဂ်တွေထဲ အကောင်းဆုံး မှတ်တမ်းတစ်ခုကို မန်ယူအသင်း ဂုဏ်ယူဖွယ် ရရှိ
နောက်ဆုံး ထွက်ပေါ်လာတဲ့ စစ်တမ်းတွေ အရ မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၃-၂၄ ရာသီတွင် ဥရောပအမျိုးသားလိဂ်များတွင် ပြည်တွင်းလိဂ်ပွဲမှာ ပရိသတ် လာရောက်ကြည့်ရှုမှုအများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ပါတယ်။
The ‘European Club Talent and Competition Landscape ရဲ့ စစ်တမ်းအရ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အိမ်ကွင်းပရီးမီးယားလိဂ်ပွဲစဉ်များအား ပရိသတ် ၁၃၉၇၁၄၈ လာရောက် ကြည့်ရှုခဲ့ပြီး ပရိသတ်လာကြည့်မှုအများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့တာပါ။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ်တွင် အဆင့် ၈ နေရာမှာသာ ရပ်တည်ပြီး ကလပ်သမိုင်းတွင် အဆိုးရွားဆုံး ပရီးမီးယားလိဂ်အဆင့်မှာ ရပ်တည်ခဲ့ပေမဲ့ အိမ်ကွင်းကြည့်ရှုမှုပမာဏက ကျဆင်းသွားခြင်း မရှိပါဘူး။
တဖက်တွင် ဂျာမန်ကလပ် ဒေါ့မွန်မှာ တစ်ပွဲပျမ်းမျှ ပရိသတ် ၈၁၃၀၅ လာကြည့်ပြီး ပြိုင်ပွဲအရပ်ရပ်တွင် ပျမ်းမျှ အိမ်ကွင်းပရိသတ်အများဆုံးလာကြည့်တဲ့အသင်းအဖြစ် ရပ်တည်ခဲ့ပါတယ်။
ဒေါ့မွန်ဟာ အခြာ းဥရောပလိဂ်အသင်းများထက် အိမ်ကွင်း ၂ ပွဲလျှော့ကစားရပေမဲ့လည်း ပြီးခဲ့တဲ့ ရာသီတုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်မှုနှင့်အတူ အိမ်ကွင်းပရိသတ် များပြားခဲ့တာလည်း ဖြစ်ပါတယ်။ ဒေါ့မွန်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပြိုင်ပွဲအရပ်ရပ် အိမ်ကွင်းပွဲစဉ်များကို ပရိသတ် ၁၉၅၁၇၄၅ လာကြည့်ခြင်းခံခဲ့ရပါတယ်။

ယူနိုက်တက်မှာ ပြိုင်ပွဲအရပ်ရပ်တွင် အိမ်ကွင်းပရိသတ် ၁၈၃၄၂၉၁ ဖြင့် တတိယနေရာမှာ ရပ်တည်ခဲ့ပြီး အေစီမီလန်က ၁၈၆၀၉၆၄ ဖြင့် ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။
ဥရောပထိပ်သီးလိဂ်များတွင် ပရိသတ် ၁ သန်းကျော် အိမ်ကွင်းလိဂ်ပွဲ လာကြည့်မှု ပိုင်ဆိုင်ခဲ့တဲ့ ကလပ် ၁၆ ခုရှိခဲ့ပြီး ယင်းကလပ်များတွင် ဝက်စ်ဟမ်း၊ စပါးစ်၊ အာဆင်နယ်၊ မန်စီးတီးနှင့် လီဗာပူးတို့လည်း ပါဝင်ပါတယ်။
ပရိသတ်မှာ ၁၄.၇သန်းဖြင့် ပရိသတ်အများဆုံးလာကြည့်တဲ့လိဂ်ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဟာ ယမန် တစ်နှစ်တုန်းကထက် ကွင်းဝင်ဆန့်မှု ၅ ရာခိုင်နှုန်းကျဆင်းကာ ပရိသတ် လာကြည့်မှု ၄ ရာခိုင်နှုန်းကျဆင်းသွားတာလည်း ဖြစ်ပါတယ်။
တဖက်တွင် အမျိုးသမီးလိဂ်ပွဲအား လာကြည့်မှုနှုန်းမှာလည်း ယမန်တစ်နှစ်တုန်းကထက် ၃၈ ရာခိုင်နှုန်းမြင့်မားလာပြီး ဥရောပတလွှား ထိပ်တန်းလိဂ်များမှာ ပရိသတ် ၂.၆ သန်းကျော် လာကြည့်ခဲ့ကြောင်း တွေ့ရပါတယ်။