စနေည ဆောက်သမ်တန်နဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲ အတွက် ဆရာကြီး ပေါမာဆန် ကြိုတင် သုံးသပ်

နိုင်ငံပွဲတွေ အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ မနက်ဖြန် စနေနေ့ မှာ ဆောက်သမ်တန် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲ အဖြစ် အဝေးကွင်း သို့ သွားရောက် ရင်ဆိုင် ကစားမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဆရာကြီး ပေါမာဆန်က ဆောက်သမ်တန်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲအတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဆောက်သမ်တန်က တကယ့်အချိန်ကောင်းမှာ ရုန်းကန်နေရတယ် ဆိုပေမယ့် ဒီပွဲက မန်ချက်စတာ ယူနိုက်တက် အတွက် နည်းနည်း ပြောရခက်တဲ့ ပွဲပါ။

ယူနိုက်တက် အတွက် ဆောက်သမ်တန်လို အသင်းက အနိုင်ယူသွားတာကို လုံးဝ ခံချင်မှာ မဟုတ်ဘူး။ ဒါကြောင့်လည်း အဲရစ်တန်ဟက် အတွက် အိပ်မက်ဆိုး လို ပွဲမျိုးပါ။ ဒီပွဲက နိုင်ကို နိုင်မှ ဖြစ်ပါမယ်။ တခြား နည်းလမ်း မရှိဘူး။

တန်ဟက် အတွက် စိန်ခေါ်မှုကတော့ နိုင်ငံအသင်းတွေကနေ ကြာသပတေးနေ့ကမှ သူ့ ကစားသမားတွေ ပြန်ရောက်လာတာပါ။ ဒီပွဲက စနေနေ့ ညနေ အစောပိုင်းမှာ ကန်မှာပါ။ ဒီတော့ ပွဲမကန်ခင် သောကြာနေ့ တစ်ရက်ပဲ လေ့ကျင့်လို့ ရမယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က နိုင်ပွဲ ရဖို့ လုံလောက်တဲ့ အင်အား ရှိမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီပွဲ ပြီးရင်လည်း ပွဲကောင်းလေး တချို့ ရှိတယ် ဆိုတော့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နိုင်ပါတယ်။

ကျွန်တော်က ဆောက်သမ်တန် ဒီရာသီ ရုန်းကန်ရမယ် လို့ ထင်ထားတယ်။ ဒီပွဲကနေလည်း သူတို့ ဘာ အမှတ်မှ ယူနိုငမယ် မထင်ပါဘူး။

ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ်

ဆောက်သမ်တန် ဝ-၃ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။