ဒီညပွဲမှာ မန်ယူက ဆောက်သမ်တန် ကို မနိုင်ဘူး လို့ သုံးသပ်ဟောကိန်းထုတ်လာတဲ့ အလန်ရှီးယား
ဒီအပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်က ဆောက်သမ်တန်နဲ့ တွေ့နေပြီး အဝေးကွင်း မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပွဲကတော့ ဒီ စနေနေ့ ညနေ အစောပိုင်း ၆ နာရီ၊ စိန့်မေရီကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။
နယူးကာဆယ် တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယားက ဆောက်သမ်တန်နဲ့ မန်ယူတို့ ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထာပါတယ်။
အလန်ရှီးယားရဲ့ ပွဲကြို သုံးသပ်ခန့်မှန်းချက်

ဒီပွဲက နှစ်သင်းလုံးအတွက် အရေးကြီးမယ့် ပွဲတစ်ပွဲဖြစ်ပါမယ်။ ဆောက်သမ်တန်က ရမှတ်တွေ စပြီး စုနိုင်ဖို့ လိုနေပါတယ်။ သူတို့ အခွင့်အရေးတွေ အသုံးချဖို့နဲ့ ဂိုးသွင်းဖို့ ခက်ခဲနေပါတယ်။
ဒီရာသီ ယူနိုက်တက်က အရမ်းကို သာမာန်ဆန်လွန်းပါတယ်။ ဒါကြောင့်ပဲ တန်ဟက် အကြောင်း သိပ် စကားပြောနေကြတာပါ။ နှစ်သင်းလုံးအတွက် ရှေ့ဆက်ဖို့ရာ ဒီပွဲက သိပ်ကို အရေးပါပါတယ်။
ဒီပွဲကို မနိုင်ဘူးဆိုရင် ယူနိုက်တက်နဲ့ ပတ်သက်လို့ စကားပြောစရာတွေ သိပ်များလာလိမ့်မယ်။ ဆောက်သမ်တန် အတွက်လည်း အတူတူပါပဲ။
ယူနိုက်တက်တို့ ရှုံးသွားခဲ့ရင် နည်းပြထိုင်ခုံက အသံ အရမ်းထွက်လာမှာပါ။ ကျနော်ကတော့ ဒီပွဲ သရေပဲ ဖြစ်သွားမယ် ထင်ပါတယ်။