ဒိုလေး စကား တစ်ခွန်း အပါအဝင် အချက် ၂ချက်ကြောင့် မန်ယူ ရှယ်ယာတန်ဖိုးများ ထိုးကျသွားခဲ့
ဒီတလောမှာ မန်ချက်စတာ ယူနိုက်တက် ရှယ်ယာတန်ဖိုးမှာ ပေါင်သန်း ၂၀၀ နီးပါးအထိ ထိုးကြလာကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်များအတွင်းတွင် လီဗာပူးကို ရှုံးနိမ့်ပြီးနောက် အသင်းကို အကြီးအကျယ် ရိုက်ခတ်စေတဲ့ အချက် ၂ ချက် ဖြစ်ပေါ်လာခဲ့ပါတယ်။
ပထမတစ်ခုမှာ ယူနိုက်တက်က ၂၀၂၃-၂၄ ရာသီ ဘဏ္ဍာနှစ်တွင် ပေါင် ၁၁၃.၂ သန်းအရှုံးပေါ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီ ဝင်ငွေ ပေါင် ၆၆၁.၈ သန်းအထိ စံချိန်တင်ဝင်ငွေ ရရှိခဲ့ပေမဲ့လည်း ကစားသမားခေါ်ယူမှု၊ ကစားသမား လုပ်ခ အသုံးစရိတ်မြင့်မားမှုကြောင့် ဘဏ္ဍာရေးဟန်ချက်မညီဘဲ အရှုံးပေါ်လာတာလည်း ဖြစ်ပါတယ်။

နောက် တစ်ချက်ကတော့ ခရစ္စတီယာနိုရော်နယ်ဒိုက အဲရစ်တန်ဟက်ကို ဝေဖန်မှုများ ပြုလုပ်ခဲ့သလို ကလပ်မှာ အလုံးစုံ ပြန်လည် တည်ဆောက်ရန် လိုအပ်နေကြောင်းလည်း ဝေဖန်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဩဂုတ်လ ၃၁ ရက်နေ့တုန်းက တန်ဖိုး ပေါင် ၂.၂၅ ဘီလီယံ ရှိပေမဲ့လည်း စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ တန်ဖိုး ပေါင်သန်း ၁၉၀ လျှော့ကျကာ တန်ဖိုး ပေါင် ၂.၀၆ ဘီလီယံသာ ရှိပါတော့တယ်။
ယူနိုက်တက်ဟာ ကွင်းတွင်း ပြင်ပ အနုတ်လက္ခာများ ပြသခဲ့ပေမဲ့လည်း စနေနေ့တုန်းက ဆောက်သမ်တန်ကို အဝေးကွင်းသို့ သွားရောက်ရင်ဆိုင်ခဲ့ရာမှာတော့ ၃-၀ ဂိုးဖြင့် ယခုရာသီ ဒုတိယမြောက် ပရီးမီးယားလိဂ်နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။