အာတီတာ လေးစားသွားရတဲ့ မာတင်နယ်လီ၊ ခြေစွမ်းပြတဲ့ ဆာကာနဲ့ ယနေ့ အာဆင်နယ် သတင်းများ
အာဆင်နယ်နည်းပြ အာတီတာက နယူးကာဆယ် နဲ့ပွဲမှာ တိုက်စစ်မှူး လာကာဇက်ကို ချန်လှပ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ပွဲကြပ်တွေ များစွာ လာတော့မှာဖြစ်လို့ အလှည့်ကျပွဲထွက် အသုံးပြုဖို့ လိုအပ်ကြောင်း၊ ကစားသမားတိုင်းအနေနဲ့ အခွင့်အရေး ရရှိလာမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က နယူးကာဆယ် နဲ့ ပွဲမှ ခြေစွမ်းပြခဲ့တဲ့ အာဆင်နယ် လူငယ်ကြယ်ပွင့် ဆာကာကို ချီးကျူးသွားခဲ့ပါတယ်။

ညကပွဲမှာ ဆာကာ ဂိုးဟာ အလွန်အံ့အားသင့်ဖွယ်ရာကောင်းကြောင်း၊ သူဟာ ဉာဏ်ရည် ဉာဏ်သွေးမြင့်မားသူဖြစ်ပြီး နေရာစုံ ကစားနိုင်ကြောင်း၊ အင်္ဂလန်မှာ ပုံမှန်ကစားခွင့်ရနေတာကလည်း ဆာကာကို ယုံကြည်မှုပိုစေကြောင်း ၎င်းက ဆိုခဲ့ပါတယ်။
အာတီတာအနေနဲ့ အသင်းခေါင်းဆောင် အူဘာမီယန် ကို ထုတ်ပယ်ပြီး မာတင်နယ်လီ ဒါမှမဟုတ် လာကာဇက် တစ်ဦးဦးကို အခွင့်အရေး ပေးသင့်ကြောင်း၊ အာဆင်ဝင်းဂါးဆိုရင် အဲဒီလိုပဲ ပြုမူမှာဖြစ်ကြောင်း တိုနီအဒမ်က ထောက်ပြ ခဲ့ပါတယ်။
အာဆင်နယ်နောက်ခံလူ ပတ်ဘလို မာရီဟာ လန်ဒန်မှာမပျော်ရွှင်ဖြစ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မာရီအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂ ပွဲသာ ပါဝင်ကစားခွင့်ရထားပြီးပွဲကစားချိန်နည်းပါးနေတာပါ။ လက်ရှိမှာ မာရီအနေနဲ့ ဘရာဇီးကလပ် ဖလာမင်ဂိုကိုပြောင်းဖို့ ဆွေးနွေးနေပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက မာတင်နယ်လီရဲ့ မြေမကျကန်ချက်နဲ့ ပိတ်သွင်းတာကို အလွန်လေးစားနေပြီး “နည်းစနစ်ပိုင်းက အလွန်မြင့်မားလွန်းပါတယ်။ မာတင်နယ်လီရဲ့ ရွေ့လျားပုံက ကောင်းမွန်ခဲ့ပြီး တိုမီရဲ့ပေးပို့မှုကလည်း ကွတ်တိပါပဲ။ အဆုံးသတ်ပုံက တကယ့်ကို အထင်ကြီးစရာပါပဲ”လို့ ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း အီယန်ရိုက်ကတော့ နယူးကာဆယ်နဲ့ပွဲက တိုက်စစ်မှူး အူဘာမီယန်ရဲ့ လွဲချော်မှုက လုံးဝခွင့်မလွှတ်နိုင်စရာကောင်းကြောင်း၊ ဆိုးရွားတဲ့ အဆုံးသတ်ပိုင်းဖြစ်ပြီး ဒီအတွက် ဆင်ခြေပေးစရာ မရှိကြောင်း ဝေဖနခ်ခဲ့ပါတယ်။
အာဆင်နယ် ကစားသမားဟောင်း မာတင်ကီအွန်က အာဆင်ဝင်းဂါးသာဆိုရင် နယူးနဲ့ပွဲမှာ တီယာနေးအစား တာဗာရက်စ်ကို ပွဲထွက်ခွင့်ပေးတဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်မှာဖြစ်ကြောင်း၊ တီယာနေးဟာ အာဆင်နယ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး တာဗာရက်စ် တိုးတက်ရေးတောင် အကူညီ ဖြစ်နိုင်ကြောင်း ဝေဖန်သုံးသပ်ခဲ့ပါတယ်။