ရာဘီယော့ ကို အလွတ်နဲ့ ခေါ်ဖို့ မန်ယူ အမှန်အကန် ဆွေးနွေးခဲ့ပေမယ့် အပြောင်းအရွှေ့ ဖြစ်မလာတဲ့ အကြောင်းရင်း ၂ ခု
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂျူဗင်တပ်အသင်းကနေပြီးတော့ ထွက်လာခဲ့တဲ့နောက်မှာ အလွတ်နဲ့ ခေါ်ယူနိုင်မယ့် ကွင်းလယ်ကစားသမား ရာဘီယော့ကို ခေါ်ယူဖို့အတွက် နွေတုန်းက နှစ်ဖက်အကြားမှာ စကားပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။
အပြောင်းအရွှေ့ ပိတ်သွားပြီဖြစ်တာတောင်မှ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဘက်က ကြိုးစားခဲ့တာဖြစ်လို့ ပြင်သစ် ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ဘက်က အမှန်တကယ် ကို စိတ်ဝင်စားခဲ့တာက သိသာပါတယ်။

ဒါပေမယ့် အပြောင်းအရွှေ့ ဖြစ်မလာအောင် အဓိက အတားအဆီးဖြစ်ခဲ့တာကတော့ ကစားသမားရဲ့ လစာကိစ္စပဲဖြစ်ပါတယ်။
ရာဘီယော့က လစာကို လိုချင်သလောက်တောင်းခဲ့တာဖြစ်ပြီးတော့ မန်ချက်စတာယူနိုက်တက်အသင်းက ထိုလစာနှုန်းထားကို မပေးချေနိုင်ခဲ့ပါဘူး။
ဒါ့အပြင် ကစားသမားရဲ့အမေလည်းဖြစ် အေးဂျင့်လည်းဖြစ်တဲ့သူကလည်း စာချုပ် လက်မှတ်ထိုးကြေး တောင်းတဲ့အတွက်ကြောင့် အကြောင်းအရင် ထွက်မလာတော့ဘဲ ပျက်ပြယ်သွားခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ရာဘီယော့ ဟာ ပြင်သစ်ကလပ် မာဆေးအသင်းထံ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။