နှစ်ပွဲဆက် အနိုင် အပေါ် အပျော်တွေ ဆင့်စေမယ့် မန်ယူနဲ့ နည်းပြ တန်ဟက် အတွက် သတင်းကောင်းများ

ဒဏ်ရာ ရှိနေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ကစားသမား ၂ ဦးတို့ဟာ စနေနေ့ ခရစ္စတယ်ပဲလေ့စ်နှင့် ရင်ဆိုင်ရမဲ့ ပွဲစဉ်မတိုင်မီ လေ့ကျင့်ခန်း ဆင်းလာနိုင်ကြပြီ ဖြစ်ပါတယ်။

ယူနိုက်တက်စတားများ ဖြစ်ကြတဲ့ မေဆင်မောင့်နှင့် ရာစမပ်ဟွိုင်းလန်းတို့ဟာ ဗုဒ္ဓဟူးနေ့တုန်းက အသင်းနှင့်အတူ လေ့ကျင့်ခန်း ပြန် ဆင်းလာနိုင်ကြတာလည်း ဖြစ်ပါတယ်။

မေဆင်မောင့်ဟာ ယခုရာသီ အစောပိုင်းတုန်းက ဖူလ်ဟမ်၊ ဘရိုက်တန်တို့နှင့်ပွဲစဉ်များတွင် ပွဲထွက်ကစားပြီးနောက် ဘရိုက်တန်နှင့်ပွဲ ပထမပိုင်းတွင် တံကောက်ကြောဒဏ်ရာရရှိကာ လူစားလဲလှယ်ခဲ့ရပါတယ်။

မောင့်ဟာ ထို ဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ နောက်ဆုံး ၃ ပွဲဆက် လွဲချော်ခဲ့ပါတယ်။

မေဆင်မောင့်ဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ချဲလ်ဆီးမှ ယူနိုက်တက်သို့ ပေါင်သန်း ၆၀ ဖြင့် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

၎င်း အပြင် တိုက်စစ်မှုး ရာမတ်စ် ဟွိုင်းလန်းမှာ ယခုရာသီတွင် ယူနိုက်တက်အတွက် တစ်ပွဲမျှ ကစားနိုင်ခြင်း မရှိသေးပါဘူး။

ပေါင် ၇၅ သန်းတန် တိုက်စစ်မှူးဟာ အမေရိကန် ရာသီကြိုခရီးစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိပြီး အနားယူလာခဲ့ရတာ ဖြစ်ပါတယ်။

သူဟာ အတ္တလန္တာမှ ပြောင်းလာပြီးနောက် ပြီးခဲ့တဲ့ ရာသီတုန်းက ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ဂိုး ၁၀ ဂိုးသွင်းခဲ့သူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နောက်ဆုံး ၂ ပွဲတွင် ၁၀ ဂိုးအထိ သွင်းထားကာ ၂ ပွဲ ဆက်တိုက် အနိုင်ရထားပါတယ်။