နောက်ဆုံးမှာတော့ ကလပ်အသင်းသစ် ရသွားပြီ ဖြစ်တဲ့ မန်ယူ တိုက်စစ်မှုးဟောင်း အန်တိုနီ မာရှယ်

မန်ချက်စတာ ယူနိုက်တက်တိုက်စစ်မှူးဟောင်း အန်တိုနီမာရှယ်ဟာ နွေရာသီ အိုးထရက်ဖို့ဒ်က ထွက်လာတည်းက အသင်းလက်မဲ့ ဖြစ်နေရာ နောက်ဆုံးမှာတော့ ကလပ်အသင်းသစ် ရရှိသွားပြီ ဖြစ်ပါတယ်။

မာရှယ်ဟာ ဂရိကလပ် အေအီးကေအေသင်သို့ ၃ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်ရှိ မာရှယ်ဟာ ယခုနွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ၉ နှစ်ကြာ ကစားလာတဲ့ ယူနိုက်တက်မှ ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ၂၀၁၅ ခုနှစ်တွင် မိုနာကိုမှ ထိုစဉ်က ဆယ်ကျော်သက်တစ်ဦးအတွက် ကမ္ဘာ့အမြင့်မားဆုံးပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၃၆ ဖြင့် ပြောင်းလာပြီးနောက် ယူနိုက်တက်အတွက် ၃၁၇ ပွဲကစားခဲ့ရာမှာ ဂိုး ၉၀ သွင်းယူပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ဂရိလိဂ်တွင် ဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ အေအီးကေအေသင်ဟာ ယခုရာသီ အဖွင့်ပွဲ ၄ ပွဲမှာ ၃ ပွဲအနိုင်ရထားပြီး ဂရိစူပါလိဂ်ကို ဦးဆောင်နေပါတယ်။

မာရှယ်ဟာ လိုင်ယွန်တွင် စီနီယာကစားသမားဘဝစတင်ပြီးနောက် မိုနာကိုသို့ ပေါင် ၄.၄ သန်းဖြင့် ပြောင်းခဲ့ပါတယ်။ သူဟာ မိုနာကိုအတွက် ပွဲ ၃၀ ကစားခဲ့ရာမှာ ၂ ဂိုးသွင်းခဲ့ပါတယ်။

မာရှယ်ဟာ ပြင်သစ် လက်ရွေးစင် အသင်းအတွက်တော့ ၂၀၂၁ ခုနှစ်ကတည်းက ကစားခွင့် မရတော့ပါဘူး။