ခရစ်ဆက်တန်ကတော့ ဒီည မန်ယူ အနိုင်လို့ ပဲလေ့စ်ပွဲကြို ထူးခြားခန့်မှန်း ထုတ်လိုက်ပါပြီ
မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဒီည ပရီးမီးယားလိဂ်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ ဒီနေ့ စနေနေ့ မြန်မာအချိန် ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူ ခရစ်ဆက်တန် က ပဲလေ့စ်နဲ့ ယူနိုက်တက် တို့ ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်ထားပါတယ်။
ယူနိုက်တက်ကို အနိုင်လို့ ခန့်မှန်းလေ့ သိပ်မရှိလှတဲ့ ဘီဘီစီ ဆရာကြီးက ဒီအပတ်လည်း ယူနိုက်တက် အနိုင်ဘက်က ဆက်လက် ရွေးချယ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ပွဲကြို သုံးသပ်ချက်

မနှစ်ကရာသီ ပဲလေစ့်ကို နည်းပြသစ်တာဝန်ယူချိန်မှာ သက်ရောက်မှုကြီးတွေ လုပ်ပြနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ သူတို့ ထင်သလောက် ရွက်မလွှင့်နိုင်သေးပါဘူး။
ပဲလေစ့်တို့ ကစားလိုတဲ့ တိုက်စစ်အသားပေး ပုံစံက ယူနိုက်တက်နဲ့ အံဝင်မှု ရှိပါတယ်။ အရင်အပတ် ဆောက်သမ်တန်ကို ရင်ဆိုင်တုန်းကလိုပဲ တန်ဟက်ရဲ့ အသင်းသားတွေက ပဲလေစ့်ကို နာကျင်အောင် လုပ်နိုင်ပါတယ်။
အာချာရဲ့ ပင်နယ်တီကို အိုနာနာ ကာကွယ်နိုင်ခဲ့တာက အခိုက်အတန့်ကြီးဖြစ်ကာ အဲ့နောက်ပိုင်းမှာ ယူနိုက်တက်က သိပ်ကောင်းခဲ့ပြီး ရက်ဖိုဒ့်ကလည်း ဂိုးသွင်းနိုင်ခဲ့တယ်။
ဒီပွဲကို ယူနိုက်တက် အနိုင်ရသွားမယ် ထင်ပါတယ်။ တန်ဟက်အကြောင်း သိပ်မပြောနိုင်ပေမယ့် သူတို့ မှန်ကန်တဲ့ ဦးတည်မှုတွေ ရှိနေပါပြီ။ ပဲလေစ့်ကတော့ အဲ့ဒီလို မရှိသေးပါဘူး။
ခရစ်ဆက်တန် ရဲ့ ခန့်မှန်းရလဒ်
ခရစ္စတယ်ပဲလေစ့် ၁-၂ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။