ကားမောင်းလို့ မရသေးပေမယ့် ဘန်တလေ ကားသစ်ကြီး ဝယ်လိုက်တဲ့ မားကပ်စ်ရက်ဖို့ဒ်

ယာဉ်မောင်းခွင့် ပိတ်ပင်ခြင်းခံထားရတဲ့ မန်ယူ တိုက်စစ်မှုး မားကပ်စ်ရက်ဖို့ဒ်ဟာ ဘန်တလေ ကားသစ်တစ်စီးကို ပေါင် ၂၀၀၀၀၀ ဖြင့် ဝယ်ယူလာပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ သွားချိန်တွင် စီးနင်းရန်အတွက် Flying Spur Azure ကားသစ်အား ဝယ်ယူလိုက်တာပါ။

Flying Spur Azure တွင် မြင်းကောင်ရေ ၅၅၀ ပါဝင်တဲ့ အင်ဂျင်နှစ်လုံး ပါဝင်သလို ကားအတွင်းပိုင်းကိုလည်း သက်တောင့် သက်သာဖြင့် စီးနင်းနိုင်အောင် ဖန်တီးထားတဲ့ကားဖြစ်ပါတယ်။

ကားနောက်ခုံတွင် သက်တောင့်သက်သာ စီးနိုင်ရန် ခေါင်းအုံးပါဝင်သလို Netflix ကြည့်နိုင်ရန်အတွက် Monitor လည်း ပါဝင်ပါတယ်။

ကားတွင် အသုံးပြုထားတဲ့ မှန်များမှာ နေရောင်ကာသလို လျှပ်စစ်မီးရောင်ကြောင့် ကားနှင်သူ မျက်လုံး မထိခိုက်ဖို့ လုပ်ဆောင်ထားတာပါ။

ရက်ဖို့ဒ်ဟာ ဇူလိုင်လတုန်းက M60 လမ်းမကြီးပေါ်တွင် ပေါင် ၅၆၀၀၀၀ တန် Rolls-Royce Cullinan Blue Shadow ကားဖြင့် တစ်နာရီလျှင် ၁၀၄ မိုင်နှုန်းဖြင့် မောင်းနှင်မှုကြောင့် ယာဉ်မောင်းခွင့် ၆ လ ပိတ်ပင်ခြင်းခံထားသူပါ။

ရက်ဖို့ဒ်ဟာ ယခုရာသီတွင် ယူနိုက်တက်အတွက် ၃ ဂိုးသွင်းကာ အကောင်းဆုံးပုံစံ ပြန်လည် ရရှိနေသူလည်း ဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိ တိုက်စစ်မှူးဟာ ပေါင် ၇၀၀၀၀၀ တန် Black Badge Wraith ၁ စီး၊ လမ်ဘော်ဂီနီကား ၂ စီးနှင့် ပေါင် ၃၆၀၀၀၀ တန် McLaren 765 Long Tail ကားကိုလည်း ပိုင်ဆိုင်ပါသေးတယ်။