မန်ယူကို ဘယ်လိုဗျူဟာနဲ့ အနိုင်ယူမယ် ဆိုတာ ကြို ပြောလာတဲ့ တွမ်တီးနည်းပြ ဦးစတိန်း
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီညမှာ နယ်သာလန်ကလပ် တွမ်တီးအသင်းနဲ့ ယူရိုပါလိဂ် ပွဲ ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။
တွမ်တီးနည်းပြ ဂျိုးဆက်ဦးစတိန်းက အိုးထရက်ဖို့ဒ်တွင် ယူနိုက်တက်ကို အနိုင်ရအောင် ဘယ်လို စီစဉ်ထားသလဲဆိုတာ ဖွင့်ဟ ပြောကြားလာပါတယ်။
ဦးစတိန်းနှင့် တွမ်တီးအသင်းသားများဟာ ယူနိုက်တက်နှင့် ယူရိုပါလိဂ်ကစားရန် အင်္ဂလန်သို့ ရောက်ရှိနေကြပါတယ်။
နည်းပြ ဦးစတိန်းက ယူနိုက်တက်ကို မြင့်မားတဲ့ Tempo ဖြင့် ကစားပြီး ယူနိုက်တက်ကို နာကျင်အောင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ဖွင့်ဟလာပါတယ်။
ဦးစတိန်းက “ရဲရဲလည်း ကစားမယ်၊ အခွင့်အရေးလည်း ဖန်တီးနိုင်မယ်၊ အထူးသဖြင့် အပြောင်းအလဲမာပေါ့။ ဒီလိုဆိုရင် ကျွန်တော်တို့ ယူနိုက်တက်ကို နာကျင်အောင် လုပ်နိုင်ပါတယ်။ ပြောရတာကတော့ လုပ်ရတာထက် လွယ်တယ်။ ဒါပေမဲ့ အဲဒီလိုပဲ ကစားမယ်။
ကျွန်တော်တို့ ရက်ဘူးလ်(ဆဲလ်ဘတ်)နဲ့ ပွဲတွေ ကစားခဲ့တယ်။ အဲဒီကနေ သင်ခန်းစာ ရခဲ့တယ်။ ဘောလုံးပိုင်ဆိုင်ထားတယ်ပဲ ဖြစ်ဖြစ်၊ ခံစစ်ကစားတယ်ပဲ ဖြစ်ဖြစ် Tempo မြှင့် ကစားတယ်။
ပြီးတော့ အားလုံးမှာ ထိပ်ဆုံးမှာ ရှိနေဖို့ လိုတယ်။ အားလုံးက လိုက်ပါ လုပ်ဆောင်ဖို့ လိုတယ်။ ဒီအပိုင်းမှာ တိုးတက်နေတယ်လို့ ထင်တယ်”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ တွမ်တီးအကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး ၂၃၄ ပွဲကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။