မက်ဆီကို ဘလွန်းဒီအောဆုနဲ့ အကြွင်းမဲ့ ထိုက်တန်တယ် မထင်ကြတော့တဲ့ ပရိသတ်များ
ဘလွန်းဒီအော ဆုပေးပွဲ အခမ်းအနားကတော့ မနက်ဖြန် နိုဝင်ဘာ ၂၉ ရက်နေ့မှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီဆုကိုရဖို့ ထုံးစံအတိုင်း မက်ဆီကပဲ ရေပန်းစားနေပြီး လီဝန်ဒေါစကီးအတွက်လည်း မျှော်လင့်ချက်ရှိနေပါတယ်။
အဓိကအားဖြင့် မက်ဆီနဲ့လီဝန်ဒေါစကီးသာ ဒီဆုကိုရဖို့ ရေပန်းစားနေပေမယ့် ပရိသတ်တွေ ရွေးချယ်တဲ့ ဘလွန်းဒီအော အတွက်တော့ မက်ဆီက အဆင့် (၃) နေရာမှာသာရှိနေတာပါ။
Transfermarkt က ကောက်ယူတဲ့ ဒီစစ်တမ်းမှာတော့ ပရိသတ်တွေက လီဝန်ဒေါစကီး ရသင့်တယ်လို့ အများဆုံး ရွေးချယ်ခဲ့ကြပြီး ဒုတိယကတော့ လီဗာပူးအတွက် ခြေစွမ်းပြနေတဲ့ ဆာလာကို ရွေးချယ်ခဲ့ကြပါတယ်။
ဒီဆုအတွက် ကစားသမား (၃၂) ယောက်ကို ပြိုင်ပွဲကျင်းပတဲ့ပုံစံအတိုင်း အဆင့်ဆင့်ရွေးထုတ် မဲပေးခဲ့ကြရာမှာတော့ အခုလို ရလဒ်ထွက်ပေါ်လာခဲ့တာပါ။
ဒီမတိုင်ခင် တရက်ကလည်း လီဝန်ဒေါစကီးက ဘလွန်းဒီအော ဆု အတွက် တတိယ နေရာမှာသာ ရှိနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပြီး မက်ဆီကသာ (၇) ကြိမ်မြောက် ဘလွန်းဒီအော်ဆုကို ဆွတ်ခူးပြီလို့ ကြားသိရပါသေးတယ်။
လီဝန်ဒေါစကီးဟာ မနှစ်တည်းက ဘလွန်းဒီအော်ရသင့်တဲ့ ကစားသမားဖြစ်ခဲ့ပေမယ့် ကိုဗစ်ကြောင့် ဆုပေးပွဲ မကျင်းပ ဖြစ်ခဲ့တဲ့နောက် ဆုနဲ့ လွဲချော်ခဲ့ရတာပါ။ ဂျော်ဂျင်ဟိုကလည်း ရေပန်းစားနေသေးပေမယ့် ဖြစ်နိုင်ခြေတော့ အင်မတန် နည်းပါးနေပါတယ်။
ရော်နယ်ဒိုကတော့ ဆုရဖို့ အခွင့်အရေး လုံးဝကို မရှိသလောက် နည်းပါးနေပြီး ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ဖွယ် မရှိကြောင်းလည်း သိရှိရပါတယ်။

ZG
ဘလြန္းဒီေအာ ဆုေပးပြဲ အခမ္းအနားကေတာ့ မနက္ျဖန္ ႏိုဝင္ဘာ ၂၉ ရက္ေန႔မွာ ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ၿမိဳ႕မွာ က်င္းပျပဳလုပ္မွာ ျဖစ္ပါတယ္။ ဒီဆုကိုရဖို႔ ထံုးစံအတိုင္း မက္ဆီကပဲ ေရပန္းစားေနၿပီး လီဝန္ေဒါစကီးအတြက္လည္း ေမွ်ာ္လင့္ခ်က္ရွိေနပါတယ္။
အဓိကအားျဖင့္ မက္ဆီနဲ႔လီဝန္ေဒါစကီးသာ ဒီဆုကိုရဖို႔ ေရပန္းစားေနေပမယ့္ ပရိသတ္ေတြ ေ႐ြးခ်ယ္တဲ့ ဘလြန္းဒီေအာ အတြက္ေတာ့ မက္ဆီက အဆင့္ (၃) ေနရာမွာသာရွိေနတာပါ။
Transfermarkt က ေကာက္ယူတဲ့ ဒီစစ္တမ္းမွာေတာ့ ပရိသတ္ေတြက လီဝန္ေဒါစကီး ရသင့္တယ္လို႔ အမ်ားဆုံး ေ႐ြးခ်ယ္ခဲ့ၾကၿပီး ဒုတိယကေတာ့ လီဗာပူးအတြက္ ေျခစြမ္းျပေနတဲ့ ဆာလာကို ေ႐ြးခ်ယ္ခဲ့ၾကပါတယ္။
ဒီဆုအတြက္ ကစားသမား (၃၂) ေယာက္ကို ၿပိဳင္ပြဲက်င္းပတဲ့ပုံစံအတိုင္း အဆင့္ဆင့္ေ႐ြးထုတ္ မဲေပးခဲ့ၾကရာမွာေတာ့ အခုလို ရလဒ္ထြက္ေပၚလာခဲ့တာပါ။
ဒီမတိုင္ခင္ တရက္ကလည္း လီဝန္ေဒါစကီးက ဘလြန္းဒီေအာ ဆု အတြက္ တတိယ ေနရာမွာသာ ရွိေနတယ္လို႔ သတင္းေတြ ထြက္ခဲ့ၿပီး မက္ဆီကသာ (၇) ႀကိမ္ေျမာက္ ဘလြန္းဒီေအာ္ဆုကို ဆြတ္ခူးၿပီလို႔ ၾကားသိရပါေသးတယ္။
လီဝန္ေဒါစကီးဟာ မႏွစ္တည္းက ဘလြန္းဒီေအာ္ရသင့္တဲ့ ကစားသမားျဖစ္ခဲ့ေပမယ့္ ကိုဗစ္ေၾကာင့္ ဆုေပးပြဲ မက်င္းပ ျဖစ္ခဲ့တဲ့ေနာက္ ဆုနဲ႔ လြဲေခ်ာ္ခဲ့ရတာပါ။ ေဂ်ာ္ဂ်င္ဟိုကလည္း ေရပန္းစားေနေသးေပမယ့္ ျဖစ္ႏိုင္ေျခေတာ့ အင္မတန္ နည္းပါးေနပါတယ္။
ေရာ္နယ္ဒိုကေတာ့ ဆုရဖို႔ အခြင့္အေရး လုံးဝကို မရွိသေလာက္ နည္းပါးေနၿပီး ဆုေပးပြဲ အခမ္းအနားကို တက္ေရာက္ဖြယ္ မရွိေၾကာင္းလည္း သိရွိရပါတယ္။